Professional Authors

စိတ်ပျက်လက်ပျက် (တာရာမင်းဝေ)

ကျွန်တော်ပြောတော့
ချစ်သူက ရယ်တယ်။

ကိုယ်သာ
သူ့လို ခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ်။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ … လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှုတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့

တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

ကြိုက်မိတဲ့ ကဗျာဆရာ…
ကြိုက်မိတဲ့ ကဗျာလေးပါပဲ…
ကျေးဇူးပါ…

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #2

😛
😉

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment