ချစ်သူ များရဲ့ အကြောင်း
ကဗျာဆိုတာ
နှလုံးသားတစ်ခုရဲ့
ပြူတင်းပေါက်ပါ
ကွန်ပြူတာကို
သုံးချင်ရင်
window ကနေ၀င်ရသလို
လူတစ်ယောက်ရဲ့ အကြောင်း
လူတစ်ယောက်ရဲ့ ခံစားချက်ကို
သိချင် ရင်
ကဗျာကနေ၀င်ရလေရဲ့
တစ်ချို့တွေက
ကွန်ပြူတာ windowကို
ကိုယ်ကြိုက်နှစ်သက်ရာ
တင်ကြလေရဲ့ဗျာ
ကျွန်ုပ်က တော့
poemscorner မှာ
အသည်းကွဲ ကဗျာတွေကို
အမြဲတင်နေပါသတဲ့….
ခံစားချက်ရဲ့ ထွက်ပေါက်အဖြစ်
မခံစားပဲ
ဝေမျှခြင်းဆိုတဲ့
အသုံးအနှုံးကို
နှစ်သက်တဲ့
ကဗျာဆရာ လို့
ခံယူလျှက်ပေါ့
တစ်ခါတစ်ရံ
ကျွန်တော်က
ကဗျာထဲ မိုးတွေရွာတယ်
တစ်ခါတစ်ရံ
ကျွန်တော်က
ကဗျာထဲ မျက်လှည့်တွေပြတယ်
ကဗျာဆိုတာ က
ကဗျာပါပဲ
တစ်ချို့ က
ချစ်တတ်ကြတော့
အချစ်ကဗျာ
ဘာကိုပဲ ချစ်ချစ်
မိဘ၊ပါတ်ဝင်းကျင်
ချစ်ရတဲ့သူ
ဘာပဲဖြစ်ဖြစ်ပေါ့
တကယ်တမ်းကတော့
ကဗျာ ဆရာဆိုတာ
အချစ်သမားတွေပါပဲ
မည်သို့ပင်အမုန်းကဗျာ
အဆွေးကဗျာတွေရေးရေး
ခင်ဗျားတို့သိရမှာက
ကဗျာဆရာဆိုတာက
အချစ်သမားစစ်စစ်ကြီးတွေဗျ
အချစ်မူးရစ်
အချစ်မှာရူးသွပ်သူတွေ
ဘာပဲဖြစ်ဖြစ်
မလိမ်ပါနဲ့
ကျွန်တော်တို့ လူသားတွေအားလုံးဟာ
အချစ်နဲ့အသက်ရှင်နေကြတာပဲ
လူ၊ပစ္စည်း တစ်ခုမဟုတ်တစ်ခု ချစ်နေကြတာပဲလေ….။
ဘာပဲဖြစ်ဖြစ် ချစ်ခြင်းဆိုတဲ့အရာကို
ကျွန်တော်ချစ်တယ်…….။
ကဗျာတွေကို ကျွန်တော်ချစ်တယ်……..။
Comment #2
အချစ်ဆိုတာ လူတစ်ယောက်ကို ကဗျာဆရာအဖြစ်ပြောင်းလဲစေနိုင်သူ (ပလေတို)
By: မိုးသစ်လေပြေ at Sep 3, 2011
Comment #3
hin,,,
har,,,
70% might b right.
he,,he,,,
coz i can’t
By: ei lay at Nov 16, 2011
Comment #4
🙂
😉
🙂
By: ei lay at Oct 16, 2012




Comment #1
right.
right.
i’ve never known what poem is.
i’ve never known how much poem is interesting.
coz of someone,,i become interest poem.
coz of someone,i become love poem.
now i also like poem so so much.