” အိမ်ပြေးမလေးရဲ့ ရယ်သံ “…(sharon )
စာမျက်နှာတွေတိုင်းမှာတိမ်ထူထပ်နေပါတယ်
မျှော်လင့် ခြင်းကသီးကင်းမှာပဲကြွေသွားပြီပဲ
မြို့ပြဇာတ်လမ်းတဲ့ လား
တကယ်တော့
ရိုးရိုးကကြိုးလေးတစ်ပုဒ်ပဲတင်ဆက်ခဲ့ တာပါ
တောင်းရိုးတွေကဝေဖန်ပြစ်တင်သံတွေဖုံးလွှမ်းနေခဲ့ ပြီ
အိပ်မက်ကိုအိပ်မက်အဖြစ်ပဲထားထားရတော့မလား
ဒီအတွက်
ငါကသာအရောင်ရင့် ခဲ့ ရတယ်
ဘဝစာမျက်နှာမှာ
အမေ့ခံ
ရူးချင်ယောင်ဆောင်နေတာ
နောက်ကျောဓားနဲ့ ထိုးတတ်သူတွေကြောင့် ပါ
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မာနတွေ
ဒီလိုနဲ့ ပဲ
ငါ့ ကျစ်ဆံမြီးလေးဖြည်းဖြည်းရှည်လာခဲ့ ပြီ
ခါးတယ်
ခါးလွန်းပါတယ်
ဘဝကိုအစာအိမ်အဖြစ်ပြောင်းမိတာလဲအခါခါ
ပွဲသာပြီးသွားတယ်
ယဉ်ကျေးမှု ခေါင်းစဉ်ကချိုမြမှုတွေမဲ့ နေဆဲ
ပညတ်သဘောသာမဟုတ်ရင်
ငါ့ ကဗျာ…..လှပပါတော့မလား
ပြန်ရစ်လို့ မရတော့တဲ့ ဇာတ်လမ်းလေးထဲမှာ
ချစ်စရာ..အိမ်ပြေးမလေးတစ်ယောက်
အထီးကျန်ခြင်းလမ်းခွလေးမှာ
ခပ်ပါးပါးလေး..ရယ်နေခဲ့ တယ်..
ရှာရွန် 22.9.2011 11:08 pm
Comment #8
ကဗျာထဲမှာ…ကလေးမလေးတစ်ယောက်ရယ်….
ရင့်ကျက်စတိမ်တိုက်တွေရယ်…..
ရယ်သံဖြူဖြူလေးတွေရယ်….. တွေ့ရတယ်…..။
ကြိုက်တယ်…….။
By: terry at Oct 3, 2011
Comment #9
အင်းတိုတိုတုတ်တုတ်ပဲ မန့်တော့မယ် သေချာလိုက်ပြောရင် ကွန်းမန့်အရှည်ကြီးဖြစ်တော့မှာကို မရှရွန်ရေ ကဗျာကကောင်းတယ်ဗျာ ကြိုက်တယ် 🙂
By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 4, 2011
Comment #15
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်………. (အရောင်တွေမဆိုးမိစေနဲ့ )
By: May Kha at Oct 21, 2011
Comment #16
ဟုတ်ကဲ့ ပါမမ
အဖြူရောင်ထဲမှာပဲစီးဆင်းနေမှာပါ
ကျေးဇူးတင်ပါတယ်
By: sharon myorr myor at Nov 8, 2011
Comment #20
ကျေးဇူး .. ကေ 🙂
By: sharon myorr myor at Apr 6, 2012




Comment #1
ကောင်းတယ်ဗျာ…..
အားပေးသွားပါတယ်။