Professional Authors

အိုဘားမားလာတဲ့နေ့

အဲဒီနေ့က
လှုပ်လှုပ်ရွရွနဲ့
တမြို့လုံးကို
ဂဏာမငြိမ်ဖြစ်နေခဲ့။      ။

ဟိုနားလဲ အိုဘားမား
ဒီနားလဲ အိုဘားမား
FB ပေါ်မှာလည်း အိုဘားမား
လမ်းတွေပ်ါမှာလည်း  အိုဘားမား
ကားတွေပ်ါမှာလည်း အိုဘားမား
ရုံးတွေမှာလည်း  အိုဘားမား
အို …………………
အားလုံး …………..
အားလုံး …………..
နေရာတိုင်းမှာ  အိုဘားမား ။         ။

ဥပဒေအထက်မှာ
ဘယ်သူမှမရှိသလို
ညီညွတ်မျှတမှု့ဆိုတာ
နေရာတိုင်းမှာလိုအပ်သတဲ့

ရင်းနှီးမြုပ်နှံမှု့တွေမလာခင်
အကျင့်ပျက်ခြစားမှု့တွေကို
ကြိုတင်တိုက်ဖျက်ရမတဲ့ …၊

အမျိုးသမီးထုတွေရဲ့ပြယုတ်
အာရှတိုက်ရဲ့အလင်းရောင်
မကြောက်တရားကိုရှေ့ဆောင်ပြတဲ့
အမေစုကို လေးစားသတဲ့ ၊

အမေရိကနဲ့ မြန်မာ
နှိုင်းယှဉ်ကာစံထုံး
ဂန္တ၀င်ခွန်းခြွေစကားတွေနဲ့
နှစ်ပြည်ထောင် ချစ်ကြည်လမ်းကို
ဝင်းပစေကြောင်း။                ။

တင်မျိုးနိုင်
    

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

အရမ်းမိုက်တယ်

commentinfo By: မေပျို at Nov 19, 2012
Comment #2

အမေရိကနဲ့ မြန်မာ
နှိုင်းယှဉ်ကာစံထုံး
ဂန္တ၀င်ခွန်းခြွေစကားတွေနဲ့
နှစ်ပြည်ထောင် ချစ်ကြည်လမ်းကို
ဝင်းပစေကြောင်း။

commentinfo By: mayviolet at Nov 19, 2012
Comment #3

Nice

commentinfo By: ei lay at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment