Professional Authors

တို့ NLD နိုင်ပြီ-ရွှေကြယ်မိုး

 

တို့ NLD နိုင်ပြီ

တို့ NLD နိုင်ပြီ

တို့ NLD နိုင်ပြီ

လမ်းမထက်က လူထုရဲ့ ပျော်ရွှင်သံ 

ဧပရယ်ကာလမှာ မိုးလုံးပေါက်အောင် ညံခဲ့တယ်

 

တို့ NLD နိုင်ပြီဟေ့လို့ 

မူလတန်းကျောင်းသားလေး တစ်သိုက်ကလည်း 

ပူပြင်းလှတဲ့ နေရောင်အောက်မှာ အော်ဟစ်ရင်း

သံလိုပူတဲ့လမ်းမထက်မှာ ခြေဗလာကိုယ်စီနဲ့

ပျော်ရွှင်စွာခုန်ပေါက်ပြေးလွှားလို့နေခဲ့ရဲ့

 

လူတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေက ခညောင်းလို့

ဘယ်သူတွေက ရေကြည်ရေသန့်

ဘယ်သူတွေက မိုးခါးရေဆိုတာကို

လွန်ခဲ့တဲ့ နှစ် ၂၀ ကလိုပဲ ဒီတိုင်းပြည်နဲ့ ဒီပြည်သူလူထုက

ချပြလိုက်နိုင်ပြီ

 

NLD ဟာ ဒီတိုင်းပြည်ရဲ့ နေကမ္ဘာ

NLD ဟာ ဒီနိုင်ငံရဲ့ လတစ်စင်း

ပြည်သူလူထု ဘာဖြစ်ချင်လဲဆိုတာကို

ဒီ NlD တစ်ခုပဲ ကောင်းကောင်းသိတယ်

ဒီ NLD တစ်ခုပဲ ကောင်းကောင်း နားလည်ခဲ့တယ်

 

/*

ခေတ်ဆိုးကြီးတစ်လျှောက်လုံးမှာ

ဟောဒီ့ NLD ကပဲ ပြည်သူ့ရှေ့က ရပ်တည်ပေးခဲ့

ကျောင်းသားနဲ့ NLD…NLD နဲ့ကျောင်းသား မခွဲခြားကြပါနဲ့

တစ်သားထဲပါရင်ချင်းဆက်တွေပါ

 

ဒေါင်းအလံတွေကတော့ လွင့်ပျံသွားခဲ့ပြီ

တို့ကျခဲ့တဲ့ သွေးစက်တွေအတွက်

မတရားဖြိုခွဲခံလိုက်ရတဲ့ ကျောင်းတော်ကြီးတွေအတွက်

နာကျင်စွာ ပဲ့ကြွေခဲ့ရတဲ့ သံဃာတော်တွေအတွက်

ဆက်လက်ချီတက်ကြရမယ်ဆက်လက်အောင်ပွဲခံကြရမယ်

 

တစ်တိုင်းပြည်လုံး စစ်တပ်ရဲ့ ၀ါးမြိုမှုခံနေရချိန်မှာ

တို့တွေရှေ့မှာ ရပ်တည်ပေးခဲ့တာ ဘယ်သူတွေလဲ

ကျောင်းသားကျောင်းသူတွေ ရက်ရက်စက်စက် ပစ်ခတ်ခံနေရချိန်

ကျည်ပစ်ကွင်းထဲမှာ ကျောင်းသားတွေနဲ့အတူ ရှိပေးခဲ့တာ

ဘယ်သူတွေလဲ

 

ခေတ်တစ်ခေတ်ရဲ့ ပုံရိပ်မှာ ပြည်သူလူထုရဲ့ငိုသံဟာ

ကမ္ဘာတုန်လောက်အောင် ပဲ့တင်ခတ်ခဲ့ရဲ့

NLD…NLD…NLD တို့တွေနဲ့အတူ ဆက်လက်ချီတက်ခဲ့ပြီ

                                                            ရွှေကြယ်မိုး

 

 

In: ကဗျာ Posted By: Date: Apr 7, 2012
Comment #1

တူတူဂုဏ်ယူသွားတယ်ဗျာ

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #2

NLD…NLD…NLD

commentinfo By: ကံ့ကော်မောင် at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment