Professional Authors

အစိမ်းရောင် …. မိုး (သို့မဟုတ်) ငါ ..၀ှက်ထားတဲ့ … အိပ်မက်တစ်ခြမ်း

အစိမ်းရောင် …. မိုး (သို့မဟုတ်) ငါ ..၀ှက်ထားတဲ့ … အိပ်မက်တစ်ခြမ်း

ကျောပြင် …မွဲမွဲ

ကြမ်းတမ်း …. လက်ဖ၀ါးမှာ ….

ချည်နှောင်ဖို့ … ငါ

လက်မ၀ံ့ခဲ့ … သူ။

 

နင်က … ငါ့အသည်း၊ ငါ့ကမ္ဘာ ..၊ ငါ့အသက်

ဒါပေမယ့် ……… ထွက်သက်တိုင်းယဲ့ …… မောဟိုက်မှုမှာ ….

နင် … မပါစေရ !!!!

 

ကြင်နာမှု … မျက်ဝန်းအစုံကို …

မာန်အဟုန် တင်း … တွင်တွင်ငြင်းရင်း …

ကန့်လန့်ကာနောက်   …….. အိပ်မက်တို့ … အပိုင်းပိုင်းကျိုး …

ငါ့ ရင် …. ကွဲ ….. ကြေ … နင့်။

 

နင်လောက်မြိုက်မဲ့ … မီးတစက်အတွက် ….

ငါ့ ….. အနာဂါတ်ကို ပြာချ၊ တစခန်းရပ်ဝံ့တဲ့ကောင်!

ကျေးဇူးပြု၍ ……

နက္ခတ်ဆိုးတွေ ပျိုးထားတဲ့ …. ငါ့အနား ….

နင် .. ဘယ်တော့မှ …. တိုးမလာရ …။

 

အဆင့်အတန်း” ….. တဲ့

ရာဇ၀င်ထဲမှာတောင် ……

ရွှေမင်းသမီးနဲ့ စောင်းလုလင် ….. မပေးစားချင်ကြဘူး …။

 

ငါတို့ မဝေးဘူး ….၊ မခွဲဘူး၊ … လက်တွဲတွေလည်း …

ထာဝရ မြဲခိုင်စေ့မယ် …..

ဒါ ……..

နင်မသိတဲ့ …. ငါ ဝှက်ထားတဲ့ အိပ်မက်တစ်ခြမ်း …!!!

 

တကယ်တမ်း …. လမ်းတွေ ချိုးချေ ဖျက်ဆီး … ခဲ့တဲ့သူ ငါသာမို့ ….

အတိုးချလို့ …. မုန်းမေ့ပစ်ပါ …..

နင့် အချစ်နဲ့ …. မနီးစပ်သင့်တဲ့ … သူ!!!

 

ငါဆိုတာ ….. နင့်အတွက် ….

အစိမ်းရောင် မှိုင်းတိုက်ထားတဲ့ …. လေလွင့်မှု …..

မျက်ရည်ပြိုလို့ …. စိုမိတဲ့ အခါ ….

နင့်ဘဝ …. အဖျားတတ်မှာ … ကြောက်ရွံ့

ခပ် အုံ့ အုံ့လေးနဲ့ …. ကြွေလွင့် ခဲ့တာ …….။

 

ဘယ်သောအခါမှ ……….

နင် ….. သိဖို့ …..  မလိုအပ်ခဲ့ပါဘူး …။   


အသဲကွဲမိုး +
ဂန္တဝင်စိမ်း

6.4.2012

1:02 pm

 

In: ကဗျာ Posted By: Date: Apr 7, 2012
Comment #1

နင်က … ငါ့အသည်း၊ ငါ့ကမ္ဘာ ..၊ ငါ့အသက်
ဒါပေမယ့် ……… ထွက်သက်တိုင်းယဲ့ …… မောဟိုက်မှုမှာ ….
နင် … မပါစေရ !!!!
အရမ်းကောင်းတယ် မိုးရာ….ကေ ဒီကဗျာလေးကို အရမ်းကြိုက်တယ်….။

commentinfo By: ကေသရီ at Apr 7, 2012
Comment #2

tay p,,sayar,,,

commentinfo By: ei lay at Apr 8, 2012
Comment #3

အားပေးသွားပါတယ်ဗျာ
ထပ်ထပ်ဖတ်သွားပါတယ်

commentinfo By: yaewintaung at Apr 8, 2012
Comment #4

ကျွန်တော့်ကိုအားပေးသွားတဲ့မောင်နှမများအားလုံးအထူးကျေးဇူးတင်ပါတယ်
မြန်မာ့နှစ်သစ်ကူးမှာပျော်ရွှင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #5

”ငါဆိုတာ ….. နင့်အတွက် ….

အစိမ်းရောင် မှိုင်းတိုက်ထားတဲ့ …. လေလွင့်မှု …..“

တကယ်ကောင်းတယ်ဗျာ…အသဲကွဲမိုးရေ.. အသဲကွဲမိုးတွေထပ်ရွာနိုင်ပါစေ။

ခင်တဲ့
မိုးသစ် (ခ) မိုးလူ

commentinfo By: Moe Thit at Apr 8, 2012
Comment #6

ကောင်းလိုက်တဲ့…အိမ်မက်တစ်ခြမ်းပါပဲ …
ငါ့အမတို့ရာ…
ခံစားအားပေးသွားပါတယ.်

commentinfo By: poem.poem28 at Apr 9, 2012
Comment #7

ငါဆိုတာ ….. နင့်အတွက် ….
အစိမ်းရောင် မှိုင်းတိုက်ထားတဲ့ …. လေလွင့်မှု …..
မျက်ရည်ပြိုလို့ …. စိုမိတဲ့ အခါ ….
နင့်ဘဝ …. အဖျားတတ်မှာ … ကြောက်ရွံ့
ခပ် အုံ့ အုံ့လေးနဲ့ …. ကြွေလွင့် ခဲ့တာ …….။
 

commentinfo By: emayar at Apr 9, 2012
Comment #8

နင်လောက်မြိုက်မဲ့ … မီးတစက်အတွက် ….
ငါ့ ….. အနာဂါတ်ကို ပြာချ၊ တစခန်းရပ်ဝံ့တဲ့ကောင်!
ကျေးဇူးပြု၍ ……
နက္ခတ်ဆိုးတွေ ပျိုးထားတဲ့ …. ငါ့အနား ….
နင် .. ဘယ်တော့မှ …. တိုးမလာရ …

…အယ်…

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #9

ကျွန်တော့်ကဗျာလေးကို အားပေးသွားကြတဲ့ မောင်နှမများအးလုံးကို အထူးပဲကျေးဇူးတင်လေးစားလျှက်ပါခင်ဗျာ

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #10

pro လွန်းတယ်ဗျာ…ဖတ်ရတာနင့်နင့်သွားတာပဲ..ကိုယ့်လူရေ…ကောင်းတယ်ဗျာ…………။

commentinfo By: thura lin at Apr 18, 2012
Comment #11

အားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment