Professional Authors

လှေပျက်

ပျော်ရွှင်မှုဆိုတာ
အတိတ်ကို ဖြတ်တိုက်ခဲ့တဲ့
လေပြေညင်း ..
အထီးကျန်တဲ့

ခါးသက်သက် ခံစားမှုကတော့
မနက်တိုင်း ၀တ်ဆင်ရတဲ့
အံဝင်ခွင်က၀တ်စုံတစ်စုံပေါ့ ..

အနာဂတ်ဆိုတာလည်း
အခု အနှစ်သာရမဲ့နေသလို
ဘာမဆို ကန့်လန့်ကာဖွင့်လိုက်ရုံနှင့်
အလွဲလွဲ အချော်ချော် …

နှလုံးအစုံက
အနာတရတွေအပြည့်နှင့်
နာတာရှည် ရောဂါသည် …

ငါ ကိုယ်တိုင်ကလည်း
လေထုထဲ ပျံ့နှံ့နေတဲ့
ဝေဒနာတွေ
အမိအရ လိုက်ဖမ်းနေခဲ့ ..

မှတ်ချက် … youth magazine မှာ ဖော်ပြခံရပြီးဖြစ်ပါတယ်ရှင်

In: ကဗျာ Posted By: Date: Nov 12, 2012
Comment #1

ကောင်းတယ်။

commentinfo By: mr.black at Nov 12, 2012
Comment #2

thz a lot!

commentinfo By: maypyo22889 at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment