Professional Authors

အနာဂါတ်ရဲ့ အတိတ်

ခံစားချက်တွေကို ကုလားဖန်မထိုးနဲ့
နှလုံးသားက မင်းအတွက်ဖဲတစ်ချပ်မဟုတ်ဘူး
လာဘ်ထိုးကြေးဆိုရင်တော့အလွမ်းရှေ့နေဘယ်ငှားမှာလဲ
သံယောဇဉ်တွေက ဘက်မလိုက်တတ်ဘူးလေ
လမိုက်ညတိုင်းအပြစ်မတင်နဲ့တော့ပေါ့
လပြည့်ညတုန်းက မချစ်ခင်ခဲ့ဖူးဘဲနဲ့ကွာ
နစ်ဝင်ဖူးတာ မာယာတောနွံဆိုရင်တော့
ကျွံရင်ကျွံပါစေတော့
တွယ်တာမှု ဆိုတဲ့ခြေတစ်ဘက်ဖြတ်ပစ်လိုက်မယ်
အမြစ်မပြတ်တာက နာကျင်မှုဆိုရင်လဲ
ကိုယ့်နားလည်မှုကို အရင်ဝဲပစ်လိုက်တော့မှာပေါ့
မင်းအတွက်ပစ်ဖဲက ကိုယ်ဆိုရင်တောင်
လိုချင်မိတဲ့ ဂျိုကာ မင်းတစ်ယောက်ရှေ့
ဒူးထောက်ပြီး သိက္ခာတွေပဲ မေ့ပစ်လိုက်တော့မယ်လေ
ပျော့ညံ့ခြင်းက ငါ့အတွက်သင်္ကေတဆိုတော့လဲ
မငိုတော့နဲ့ သားရေ
အလွမ်းအမေရဲ့ ရင်ခွင်ထဲ
မျက်ရည်တွေနဲ့ မင်းဝင်လို့ချွဲနေလဲ
အပိုပဲပေါ့လို့ ပဲမှတ်ယူထားတော့
အသည်းကွဲဘူတာက သတိရခြင်းရထားကြီး ထွက်တော့မယ်    ။     ။

In: ကဗျာ Posted By: Date: Nov 15, 2012
Comment #1

ကောင်းတယ်နော် အသဲကွဲဘူတာက သတိရခြင်းရထားကြီး ထွက်တော့မယ်

commentinfo By: maypyo22889 at Nov 15, 2012
Comment #2

Wow,,,
Lann de kwar.
Pyin htan taw Sa kar lone g tway ne pyit pout nay par de.
🙂

commentinfo By: ei lay at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment