Professional Authors

အနာဂါတ်မှတ်တိုင်များ(မင်းလူန)

တိတ်ဆိတ်လို့မရသေးတဲ့ဆန္ဒများနဲ့
စက္ကန့်အသစ်တွေကို
ဖေါက်ချခဲ့တယ်
…………..၁………………
မေတ္တာခေါင်းပါးတဲ့အိမ်အမဲကြီးတစ်လုံး
အဲ့ဒီထဲမှာ
ကိုယ်ချင်းစားချင်လို့ဆိုပြီး
တစ်ယောက်ကိုတစ်ယောက်မျိုချနေတဲ့
လူညာများ
…………..၂…………………
တစ်ကယ်နေရဲတယ်အထင်နဲ့
အဲ့ဒီတံခါးကို
ငါတွန်းဖွင့် ဝင်ရောက်ခဲ့တာ
မိုးခါရေကို
မက်မက်စပ်စပ်သောက်ခဲ့တဲ့နေ့ပေါ့ 
……………..၃………………..
အမှတ်တရဖြစ်မလားဆိုပြီး
စာမျက်နှာတစ်ခုပေါ်မှာ
အဲ့ဒီသမိုင်းကိုပဲ
နှစ်သက်ခုံမင်စွာရေးခြစ်ခဲ့တယ်
………………၄………………..
တစ်ကယ်တော့
စိတ်ကိုတွဲပြီးရိုးသားဖို့ 
ငါ့ ဘေးမျာဘယ်သူမှရှိနေစရာမှမလိုတာ
………………..
………………..
…………………………………..

                                             မင်းလူန

In: ကဗျာ Posted By: Date: Sep 29, 2012
Comment #1

တစ်ကယ်တော့
စိတ်ကိုတွဲပြီးရိုးသားဖို့ 
ငါ့ ဘေးမျာဘယ်သူမှရှိနေစရာမှမလိုတာ
………………..
………………..
…………………………………..
ကိုမင်းလူန ပျောက်နေတာကြာပြီနော် သတိရတယ်

commentinfo By: အသဲကွဲမိုး at Sep 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment