Professional Authors

အနာဂါတ်သို့..ရည်ရွယ်၍

ရင်မှ အပူ
တမ်းတစုဝေး
နွမ်းလျစွာ အတူ
လွမ်းရတယ်သူ့ကိုမှ
သတိတရဖြစ်တဲ့
လွမ်းချင်းကို
ဘယ်သူကူပြီးငြိမ်းသတ်မှာလဲ…။
(သတိရတယ်လို့ မပြောချင်လို့ပါ)

လက်ချင်းတွယ်ယှက်
နွေများလို အပူတပြင်းရှိတဲ့
ဘယ်ဘ၀ရဲ့ ကန္တာရတောမှာ ဖြစ်ဖြစ်
တူမျှကာ ရင်ဆိုင်ပါ့မယ်
သူကသာ ယုံကြည်ပေးမယ်ဆိုရင်လေ…
(ယုံကြည်ပါလို့ မတောင်းဆိုချင်လို့ပါ)

ခက်ခဲစွာဘ၀အတွက်
အပြစ်လည်းမရှာပါ
သူပြစ်ခွာမည်ဆိုပါလည်း
အသက်လည်းမပါ
ဒီခန္ဓ္ဓ္ဓာကိုယ် ဒီအတိုင်း
ပျက်လဲကာ ခွေယိုင်ကျကာမှ
ကိုယ့်အသည်းနှလုံး
မင်းရဲ့အပြုံးနဲ့
ဆက်လက်လို့ ရင်ခုန်နေဦးမယ်…
(ချစ်နေဦးမယ်ဆိုတာ မသိစေချင်လို့ပါ)

အသည်းအသက်နဲ့ထပ်တူ
ချစ်လျှက်ပါ သူ့ကို ဘယ်တော့အခါမှ
အမျက်မထွက်ပါ သူစိမ်းကားသည့်တိုင်
ဟက်တက်ပါ ကိုယ့်အသည်းကိုလည်း
အသက်ကူပြီး ဖက်ကူထုပ်မယ်ဆိုရင်တောင်
ဆက်လက်ကာ ချစ်ဆဲမို့…
ချစ်သူရယ်
ကိုယ့်လက်ကိုတွဲကာ လျှောက်လှမ်းဖို့
သတ္တိတွေ အမြန်
မွေးဖွားပါတော့….

!!@@##
@4:00 am

In: ကဗျာ Posted By: Date: Jul 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment