Professional Authors

ငါ့ရဲ့ အနာဂါတ်

လေပြေတိုးသံတွေရဲ့ ကြားက
တိတ်တဆိတ် ခေါ်သံတွေ
ငါ့နားထဲတိုးဝေ့လာတိုင်း
စိုးထိတ်စေခဲ့တယ်
အမှောင်ရိပ်တွေရဲ့  ကြားက
ဝိုးတ၀ါး ပုံရိပ်လေးတွေ
ငါမြင်ယောင်လိုက်တိုင်း
ချောက်ခြားစေခဲ့တယ်
နင်မရှိတော့တဲ့ အထီးကျန်ဆန်တဲ့
နေ့ ၊ ည တွေ  ငါ့ကို
တွေဝေစေခဲ့တယ်
နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ
တကယ်ဆို
နင်ထားသွားမယ့်နောက်
ငါ့ အနာဂါတ်ကို
မြင်ကြည့်ခဲ့သင့်တယ်။

In: ကဗျာ Posted By: Date: Nov 25, 2012
Comment #1

နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ….
( ta kal kg pr tl )

commentinfo By: mayviolet at Nov 25, 2012
Comment #2

နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ
တကယ်ဆို
နင်ထားသွားမယ့်နောက်
ငါ့ အနာဂါတ်ကို
မြင်ကြည့်ခဲ့သင့်တယ်။

commentinfo By: မေပ။ျိ at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment