Professional Authors

ဆူပွက်စ ထမင်းတအိုး၊ မီးမတောက်သော မီးတဖို နှင့် သူတို့ ၃ ယောက် (မမသီရိ)

( ကြိုက်လွန်း၍ တင်လိုက်ခြင်းကို မမသီရိခွင့်လွှတ်မည်ဟု ခံယူပါသည်.. )

 စပ်တငံ့ငံ့နဲ့.. လှောင်အိုက်သော နေ့ရက်များ..
 မိုးကလဲ မရွာနိုင် လေက လဲ မတိုက် နေ ကမထွက်..
အုံ့ပြပြ နဲ့ မှိုင်းညို့နေသော ကမ္ဘာ..
. တနေရာမတော့.. မီးခိုးတွေ အုံ … မြုံနေသော မီးတဖိုနဲ့ ဆူပွက်စ ထမင်းတအိုး..
(တစုံတရာ) ဆာလောင်နေသော.. သူတို့ သုံးယောက်..
အဲဒီမှာ.. .. .. .. ညီမလေး။ ။
 ငါ…နော်… တကယ်.. စိတ်မရှည်တော့ဘူး.. ဘယ်လိုဟာတွေပါလိမ့်…. ဟင်း….. ။
မမ။ ။ သက်ပြင်း တွေ ခဏ ခဏ မချ ပါနဲ့ ညီမလေး ရယ်..။
 ဒီလောက ကြီးမှာ.. နေသာ သပ လေညာ က ဆိုတဲ့ အရာတွေလဲ ရှိသကွဲ့..
 ဘယ်သူသေသေ ငတေမာ ပြီးရော လို့ လဲ ရှိသေးသတဲ့..
မျက်စိတွေ စပ်လို့ မျက်ရည် တွေ ကျနေပြီလား ညီမလေး…
 မင့် မျက်လုံးတွေ မမှိတ်လိုက်နဲ့ အုံးနော်
 ငါ တို့ ကြည့်ချင်နေတဲ့ မြင်ကွင်း.. ရှိကို ရှိနေသေးတယ် ကွဲ့ .. ညီမလေး…ရဲ့………။
 မောင်လေး။ ။ ငါ .. တော့… တကယ် စိတ်ကုန်ပြီ နော်.. စိတ်မရှည်တော့ဘူး..
 တခုခု တော့ ထ လုပ်မိ တော့ မယ်… ဟင်း….။
မမ။ ။ သက်ပြင်းတွေ ခဏ ခဏ မချ ပါနဲ့ မောင်လေး ရေ
 မင်း လက်သီးတွေ ကို တော့ ဆုပ်မြဲ ဆုပ်ထား လိုက်ပါ ကွဲ့..။
အချိန် ရင်.. နွားပိန်တောင် ကန်သေး သတဲ့..
ငါတို့ ရဲ့ နေ့ တနေ့ ရှိ ကို ရှိနေသေးတာတော့ အသေ အချာ..
 စောင့်လို့ ပဲ စောင့် ခဲ့ ပြီ.. အဆူ စောင့်ပြီး မှတော့ အနပ် ကို စောင့် ကြစို့ ရဲ့ ..
 မောင်လေး ရေ…. ညီမလေး.. ရေ…
 တကယ် မနပ် နိုင်တာ.. သေချာ ပြီ ဆိုရင်ဖြင့်..
 ပုဆိန် ဆွဲ သူ ဆွဲ ဓား ဆွဲ သူ ဆွဲ.. ဆွဲ ကြတာပေါ့ ကွာ…
 ထင်း ခွဲ ရအောင် လို့……။

မမသီရိ (၂၈.၇.၂၀၀၉)

In: ကဗျာ Posted By: Date: Nov 10, 2012
Comment #1

phat shu arr pay twar par d

commentinfo By: ei lay at Nov 11, 2012
Comment #2

တကယ် မနပ် နိုင်တာ.. သေချာ ပြီ ဆိုရင်ဖြင့်..
ပုဆိန် ဆွဲ သူ ဆွဲ ဓား ဆွဲ သူ ဆွဲ.. ဆွဲ ကြတာပေါ့ ကွာ…
ထင်း ခွဲ ရအောင် လို့……

commentinfo By: May Kha at Nov 12, 2012
Comment #3

တကယ် မနပ် နိုင်တာ.. သေချာ ပြီ ဆိုရင်ဖြင့်..
ပုဆိန် ဆွဲ သူ ဆွဲ ဓား ဆွဲ သူ ဆွဲ.. ဆွဲ ကြတာပေါ့ ကွာ…
ထင်း ခွဲ ရအောင် လို့……။

ပြန်ဖတ်သွားပြန် ပါပြီ…

commentinfo By: 13th at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment