Professional Authors

ညီ မ လေး

ပြီးခဲ့တာတွေကို ခဝါချ ကိုယ့်ရဲ့ဝေးဝေးမှာ ညီမလေးပျော်နေပါ ။

မချစ်တတ်တော့တဲ့ လူ ၊ အကြင်နာမရှိတဲ့ လူ လို့သတ်မှတ်

ကိုယ်က ညီမလေး မချစ်သင့်တဲ့သူပါ ။

အသဲတွေ ခဏခဏကွဲ ခံစားချက်ဆိုတာ နထ္ထိ

ကိုယ့်ရဲ့ အချစ်ကို မမျှော်လင့်ပါနဲ့တော့…ညီမလေး

နာကျင်စရာတွေကို ပွေ့ပိုက် သန်းခေါင်ထက်ပိုညဥ့်မနက်တော့ပါဘူး…ညီမလေး

ထွက်သွားပါ ၊ မေ့ထားပါ ။

ညီမလေးပေးလာမရ့် ချစ်ခြင်းတွေအတွက်

လက်ခံပေးစရာ နေရာလွတ် ကိုယ့်မှာမရှိတော့ဘူး…

တွေဝေမှုဆိုတာ ဆုံးရှံးခြင်းရဲ့ နိဒါန်းဘဲ ညီိမလေး…

*နာကျင်တရ်ဆိုတာခဏပါ ၊ အချိန်တန်ရင် နင်မေ့လို့သွားမှာပါ*

ခပ်တိုးတိုးလေးညည်း…..လှည့်မကြည့်နဲ့တော့ ညီမလေး…

ကိုယ့်ဘဝက ပုံသေကားချပ်မရှိ

ညီမလေး မျက်ရည်တွေအတွက်

အာမခံကြေး မပေးနိုင်တဲ့ကောင်ပါ။

တဒင်္ဂကပျော်ရွှင်မှု အတွက် တစ်ဘဝစာ

ပျော်ရွှင်မှုနဲ့ မလဲလိုက်ပါနဲ့ ညီမလေး…..

ပျော်ရွှင်ပါစေ..ညီမလေး

ကိုယ့်ကိုချစ်တဲ့သူတစ်ယာက်လောကကြီးမှာရှိတရ်ဆိုတဲ့ အသိက အရမ်းကိုကြည်နှုးစရာကောင်းပါတယ်…ညီမလေး

ပီတိလေးကိုစားသုံး ကိုယ် ကျေနပ်တရ် ညီမလေး…

ကိုယ်တိုင်ကိုယ်က ပြန်မပေးနိုင်တဲ့အရာ အတွက် လက်ခံဖို့လည်းမကြိုးစားတော့ပါဘူး….

လောကဓံတစ်ကွေ့ပြန်ဆုံတွေ့ခဲ့ရင် ညီမလေးက ကိုယ့်ရဲ့ထာဝရ ညီ….မ….လေး… 🙂

မာန်ခက်ဝင့်
31/10/2012

In: ကဗျာ Posted By: Date: Oct 31, 2012
Comment #1

ကိုယ့်ကိုချစ်တဲ့သူတစ်ယာက်လောကကြီးမှာရှိတရ်ဆိုတဲ့ အသိက အရမ်းကိုကြည်နှုးစရာကောင်းပါတယ်… (မှန်တယ်ဒီစာသားလေးက)

commentinfo By: May Kha at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment