ကစဉ့်ကလျား………….
ဘာအကြောင်းပြချက်နဲ့မှ ဒီကိစ္စကိုရှင်းလင်းဖို့မလိုအပ်တော့ဘူး
ကျားတစ်ကောင်လုံးကိုယ့်ရှေ့ က ရန်မူနေတာတောင်
မင်းက ကျားခြေရာရှာချင်သေးတာလား။
အခုအချိန်မှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လက်နက်အပြည့်အစုံကိုရှာဖွေခြင်းက
မင်းအတွက်အကောင်းဆုံးပါပဲ။
အစွန်းရောက်စိတ်ဓါတ်တွေဟာမကောင်းပါဘူး။
ဒါပေမယ့် အစွန်းဆုံးကိုရောက်ရင်
မြင်ကွင်းကို ရှင်းရှင်းလင်းလင်းပိုမြင်နိုင်တယ်ဆိုတာ
မင်းလက်ခံရလိမ့်မယ်။
အားနည်းချက် အားသာချက်ရှာဖွေနေရအောင်
နှလုံးသားကိစ္စဆိုတာ စီးပွားရေးမဆန်ဘူးလေ။
နားလည်ခွင့်လွှတ်မှုဆိုတာလည်း
အတိုင်းအတာလေးတစ်ခုနဲ့မှ………..
လူရိုသေ ရှင်ရိုသေရှိတတ်တာမျိုး။
ဘတ်စ်ကားမှတ်တိုင်လို စိတ်မျိုးနဲ့တော့
သူတော်ကောင်းဖြစ်ချင်လို့မရဘူး။
အဓိက နဲ့ သာမည မခွဲတတ်ရင်
ပညတ်နဲ့ ပရမတ် မခွဲတတ်ရင်
ရုပ်နဲ့ နာမ်နဲ့ မခွဲတတ်ရင်
ကုသိုလ်နဲ့ အကုသိုလ်မခွဲတတ်ရင်
မင်း နိဗ္ဗန်နဲ့ ဝေးနေဦးမှာပဲ။
ဒီလိုပါပဲ…………….
ဘ၀ဆိုတာ သီအိုရီတစ်ခုကို
အပိုင်းလိုက်ခွဲဝေ သုံးစွဲရတာမျိုး။
ဗီဇ (၆.၁၁.၂၀၁၂)
Comment #2
အဓိကနဲ့ သာမညာကို ထိုင်ခွဲသွားလိုက်တယ်ဗျာ
 By: alankwartarmain at Nov 9, 2012
                        By: alankwartarmain at Nov 9, 2012
                    Comment #3
ပတ်ဆင့် သုံးရင် မြင့်နေအုံးမယ် မရေးသွားတော့ဘူး။ အားပေးပါတယ်။
 By: alankwartarmain at Nov 9, 2012
                        By: alankwartarmain at Nov 9, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဘ၀ဆိုတာ သီအိုရီတစ်ခုကို
အပိုင်းလိုက်ခွဲဝေ သုံးစွဲရတာမျိုး။