Professional Authors

လမ်းခွဲခဲ့တဲ့ ည

အလွမ်းတွေ ခြုံခဲ့တဲ့ … ည
ငါ့ မျက်ရိပ်တွေ စိုစွတ်
တိမ်တိုက်တွေလို
 ငွေ့ရည်ဖွဲ့တတ်လာတဲ့ ..ည
အဲဒီညကပေါ့
စံပယ်တွေ ပွင့်မွှေးတာတောင်
အလိုက်မသိတတ်ခဲ့ဘူး
ရာသီဖောက်ပြန်သလို
ပြောင်းပြန်ဖြစ်ခဲ့ရတဲ့
အရှုံးတိုက်ပွဲမှာ
အလံဖြူ ငါ
ပြဖို့ နောက်တွန့်ခဲ့တယ်လေ ..
နောက်လည်း
နှလုံးသားနှင့် မာန
လွန်ဆွဲ ဘက်ပြိုင်
တစ်ချက် တစ်ချက်
ရှိုက်မိလည်း
နင့်ရှေ့မှာတော့
အပြုံးတုတွေ ၀တ်ဆင်လိုက်တယ် ..
အဲဒီ့ညကပေါ့ …..။

In: ကဗျာ Posted By: Date: Nov 6, 2012
Comment #1

နှလုံးသားနှင့် မာန
လွန်ဆွဲ ဘက်ပြိုင်
တစ်ချက် တစ်ချက်
ရှိုက်မိလည်း
နင့်ရှေ့မှာတော့
အပြုံးတုတွေ ၀တ်ဆင်လိုက်တယ် ..

commentinfo By: mayviolet at Nov 7, 2012
Comment #2

နင့်ရှေ့မှာတော့
အပြုံးတုတွေ ၀တ်ဆင်လိုက်တယ် ..
အဲဒီ့ညကပေါ့ …..။

commentinfo By: May Kha at Nov 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment