Professional Authors

*လမ်းခွဲချိန်*

‘လမ်းခွဲကြရအောင်’

ကိုယ့်ရင်ထဲမှာ မုန်တိုင်းထန်ခဲ့ပြီ
လူသေတစ်ယောက်လို
ငါ့နှလုံးသား ရပ်တန်းသွားခဲ့ပြီ
တစ်ချိန်ချိန်မှာ မင်းဒီလိုပြောလာမယ်ဆိုတာ
ငါသိမြင်ခဲ့ပါတယ်
ဒါပေမယ့် နှလုံးသားရဲ့စေခိုင်းချက်ကို
မလွန်ဆန်နိုင်ဘဲ မင်းကိုဖွင့်ပြောခဲ့မိတယ်..
မင်းကိုချစ်မိခဲ့တဲ့ ငါ့အချစ်တွေအတွက်
နောင်တဆိုတာ မရှိခဲ့ပါဘူး…..
ငါ့အချစ်ကိုတုံ့ပြန်မှုမပေးလည်း
ဥပေက္ခာတော့ မပြုလိုက်ပါနဲ့….
ကိုယ်ကျေနပ်ပါတယ်..
မင်းနဲ့ဝေးရတော့မယ့် တဒင်္ဂလေးမှာ
ငါ သိက္ခာကို မျက်ကွယ်ပြုလို့
မာနကိုခ၀ါချပြီး တောင်းဆိုခဲ့တယ်..
(မင်းကိုဆက်ချစ်နေပါရစေ)
မင်းခေါင်းမညှိမ့်သလို ခေါင်းလည်းမခါခဲ့ပါဘူး
ဒါပေါ့လေ မင်းနဲ့မှမဆိုင်တော့တာ
ငါမင်းနဲ့ကာလတစ်ခုထိ
ကြည်နူးပျော်ရွင်ခဲ့ရတယ်………….
ငါကျေနပ်ပါတယ်
ငါ့လိုလူကိုအဲဒီလောက်ထိ
အခွင့်အရေးပေးခဲ့လို့ပါ
အချစ်မှာပကာသနတွေမပါပေမယ့်
ပကာသနပါတဲ့အချစ်ကိုပဲလိုချင်ကြတယ်..
ဘာကြောင့်လဲ…………..
ဒါပေမယ့် ငါနားလည်ခဲ့ပါတယ်
လူဆိုတာ..
ပျော်ရာမှာမနေ တော်ရာမှာနေရမယ် ဆိုတဲ့
စကားကိုပေါ့..
ငါတို့ချစ်ခဲ့ကြတဲ့ တစ်လျှောက်မှာ
ငါချစ်တာရဲ့တစ်ဝက်လောက်သာ
မင်းကိုယ့်ကိုချစ်ခဲ့ရင်ကျေနပ်ပါပြီ..
မင်းဘ၀ရဲ့မနက်ဖြန်တိုင်းမှာ
အလွမ်းဆိုတာတွေ မရှိပါစေနဲ့
နောက်ဆုံးချစ်ခြင်းတွေနဲ့
ဝမ်းနည်းခြင်းကို မျိုသိပ်ကာ
ဒဏ်ရာတွေကိုထွေးပိုက်လို့
ပြုံးရယ်စွာနဲ့ ဆုတောင်းနေပါ့မယ်……..
နာကျင်ခြင်းရဲ့အဓိပ္ပါယ်ကို
သိနားလည်သွားတဲ့ လူတစ်ယောက်ကို
ထာဝရချစ်ခြင်းတော့ ပေးသနားခဲ့ပါ………………(GIPSY)

In: ကဗျာ Posted By: Date: Sep 20, 2010
Comment #1

” ငါမင်းနဲ့ကာလတစ်ခုထိ
ကြည်နူးပျော်ရွင်ခဲ့ရတယ်………….
ငါကျေနပ်ပါတယ်
ငါ့လိုလူကိုအဲဒီလောက်ထိ
အခွင့်အရေးပေးခဲ့လို့ပါ
ဒါပေမယ့် ငါနားလည်ခဲ့ပါတယ်
လူဆိုတာ..
ပျော်ရာမှာမနေ တော်ရာမှာနေရမယ် ဆိုတဲ့
စကားကိုပေါ့..
ငါတို့ချစ်ခဲ့ကြတဲ့ တစ်လျှောက်မှာ
ငါချစ်တာရဲ့တစ်ဝက်လောက်သာ
မင်းကိုယ့်ကိုချစ်ခဲ့ရင်ကျေနပ်ပါပြီ..
မင်းဘ၀ရဲ့မနက်ဖြန်တိုင်းမှာ
အလွမ်းဆိုတာတွေ မရှိပါစေနဲ့
နောက်ဆုံးချစ်ခြင်းတွေနဲ့
ဝမ်းနည်းခြင်းကို မျိုသိပ်ကာ
ဒဏ်ရာတွေကိုထွေးပိုက်လို့
ပြုံးရယ်စွာနဲ့ ဆုတောင်းနေပါ့မယ်…….. ”

a kyite sone sar thar lay twe par bae .. a yan kg par tal

commentinfo By: Myat Noe at Sep 26, 2010
Comment #2

…………………ဘာပြောရမှန်းတောင်မသိတော့ပါဘူး…………..heartထိ သွားလို့

commentinfo By: ainmat.tasay at Sep 28, 2010
Comment #3

မချစ်နဲ့တော့လို့
တားလို့မှ မရတာ….
ဒါကြောင့်…
ထာဝရ ချစ်နေခွင့်ကို သင်
အကြွင်းမရှိ ပိုင်ဆိုင်ပါတယ်…..။
Love,
Love,
Love as much as U can.

commentinfo By: sorrower.kl at Sep 28, 2010
Comment #4

ကျေးဇူးတင်ပါတယ်ဗျာ ခုလိုအားပေးတဲ့အတွက်

commentinfo By: Gipsy Lay at Oct 1, 2010
Comment #5

အချစ်မှာပကာသနတွေမပါပေမယ့်
ပကာသနပါတဲ့အချစ်ကိုပဲလိုချင်ကြတယ်..
ဒီစာသားကိုအကြိုက်ဆုံးပါ…….
လောကမှာ
လူသားတော်တော်များများက
ဒီလိုပဲမဟုတ်လား?

commentinfo By: hnin.phwe.lay at Oct 10, 2010
Comment #6

ဟုတ်လောက်ပါတယ် hnin.phwe.lay

commentinfo By: Gipsy Lay at Oct 10, 2010
Comment #7

ငါတို့ချစ်ခဲ့ကြတဲ့ တစ်လျှောက်မှာ
ငါချစ်တာရဲ့တစ်ဝက်လောက်သာ
မင်းကိုယ့်ကိုချစ်ခဲ့ရင်ကျေနပ်ပါပြီ..
မင်းဘ၀ရဲ့မနက်ဖြန်တိုင်းမှာ
အလွမ်းဆိုတာတွေ မရှိပါစေနဲ့……….
အဲဒီနားလေး အကြိုက်ဆုံးပဲ…..သတိထားမိတယ် gipsy ရေးတဲ့ကဗျာလေးတွေကောင်းတယ်

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #8

like loe’ copy mae naw thks

commentinfo By: Crzy at Jan 27, 2011
Comment #9

ya par tal copy par Crzy

commentinfo By: Gipsy Lay at Jan 30, 2011
Comment #10

likie …just for do ….congragulation bro….

commentinfo By: သားခေတ် at May 23, 2011
Comment #11

ကျေးဇူးတင်ပါတယ် ကိုသားခေတ် ခုမှပြန်ပြီး ကွန်းမန့်ပေးရတဲ့အတွက် တောင်းပန်ပါတယ်

commentinfo By: Gipsy Lay at May 23, 2011
Comment #12

nice story,,
shin d lout pay set ke de,,nar le pay ke de,,kwint hlut pay ke de,,taung so ke de,,
thu se ka ga u sike hmu,,,kyin nar hmu,,sar nar nar le hmu tway ma ya ke bu,,
ei lay ne tu tu be,,
arr ma nge ne,,
a chit sit myit tar hman yin koh ye phyu sin yoe tar hmu ko a kyoe tet yout hmar pe,
wit le hmar lay,,,

commentinfo By: ei lay at Mar 3, 2012
Comment #13

အင်း ဖြစ်နိုင်ပါတယ် အိလေး….ဘ၀တူချင်းဆိုတော့ အဲ့ခံစားချက်ကိုစာနာနိုင်ပါတယ်…….ဒါပေမယ့် သူ့ကိုတော့ ၀ဋ်မလည်စေချင်ဘူး ခုထိချစ်နေသေးတာဆိုတော့ သူစိတ်ညစ်မှာကိုမလိုလားဘူးလေ……..

commentinfo By: Gipsy Lay at Mar 4, 2012
Comment #14

rrrrrrrrrrrrrrr
hote bu lay,,,
ei lay pyaw tar ka thu ko wit le par say loh pyaw tar hote bu lay,,
ei lay ye myit tar,,tit sar,, ka ei lay ko pyan p wit le par say loh pyaw dar,,
koh kou ko yone kyi de loh pyaw dar,,
he,,he,,

commentinfo By: ei lay at Mar 4, 2012
Comment #15

ကျွန်တော်ကောင်မလေးတစ်ယောက်ကိုပြောဖူးတယ် အချစ်ဆိုတာ မျက်လှည့်ပွဲတစ်ပွဲကိုကြည့်နေရသလိုပါပဲလို့
ကိုယ့်ကိုလိမ်နေတယ်ညာနေတယ်ဆိုတာကိုသိသိနဲ့ပဲ အဲ့ဒီလိမ်ညာမှုအောက်မှာ ယစ်မူးနေကြတာပဲလေ..နောက်ဆုံး အဲ့ဒီမျက်လှည့်ပွဲလေး ပြီးဆုံးသွားမှာတောင်ကြောက်နေမိကြသေးတယ် ..နော်
အဲ့ဒီအကြောင်းကို ကျွန်တော်ကဗျာတစ်ပုဒ်ရေးဖူးတယ်ဗျ ………..

commentinfo By: D26 at Mar 4, 2012
Comment #16

အင်းပါ ဟုတ်ပါပြီ..အဲ့ဒါတော့ ကျွန်တော်လည်း တူတူပါပဲ………ဒါနဲ့ ဟီးဟီးက ဘာဖြစ်တာလဲဟင်……D26 ဟုတ်ပါတယ်…ဒါပေမယ့်လူတွေက မျက်လှည့်ဆိုတာကိုစိတ်ဝင်စားကြတယ်လေ…..အကို့ကဗျာလင့်ခ်လေးတစ်ချက်လောက်ပေးပါလား….

commentinfo By: Gipsy Lay at Mar 4, 2012
Comment #17

aww,,,
a shat pyay pyaw like dar lay,,
dar taung ti bu lar?
hint,,da ke pe,,nga tone

commentinfo By: ei lay at Mar 4, 2012
Comment #18

အွန်…..ဟုတ်ပါပြီဟာ…….မှားပါတယ် 😛

commentinfo By: Gipsy Lay at Mar 4, 2012
Comment #19

he,,he,,
e lo a hmar ko win khan tar a yan chit phoe kaung de,,
toe tet ong hmar..g pwar ong hmar,,

commentinfo By: ei lay at Mar 4, 2012
Comment #20

ဒီတူးဆစ်တောင်ငူပါ

commentinfo By: D26 at Mar 4, 2012
Comment #21

အရမ်းတောင်ချစ်ဖို့ကောင်းသွားတယ်ဆိုပဲ…ငါ့နှယ်နော်
အော် ဟုတ် ကျွန်တော်ဝင်ဖတ်လိုက်ပါမယ်…D26 ကျေးဇူးပါ…..

commentinfo By: Gipsy Lay at Mar 4, 2012
Comment #22

အချစ်ခံလိုက်ပါဗျာ………….ကောင်မလေးသနားပါတယ် ……….ဟီးးးးးးးးးးနောက်တာနော် အိလေးရေ..

commentinfo By: D26 at Mar 4, 2012
Comment #23

ဒီကဗျာဟာတော်တော်ကောင်းပါတယ်…ကဗျာရေးတဲ့လူကိုလဲ..ချီးကျူးပါတယ်ဗျာ….နောက်ကိုလဲဒီလိုကဗျာလေးတွေရေးပေးနိုင်ပါစေဗျာ

commentinfo By: မောင်အောင်နိုင် at Mar 5, 2012
Comment #24

ကျေးဇူးတင်ပါတယ် ကိုအောင်နိုင်………နောက်လည်းကြိုးစားပါဦးမယ်….

commentinfo By: Gipsy Lay at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment