ဘယ်အရာကသေချာခြင်းလဲ(မင်းလူန)
အတိတ်ဆိုတာက
မေ့ လို့ ရရင်တောင်ပျောက်မသွားတဲ့ အရိပ်တစ်ခု
ကိုယ့် စာမျက်နှာမှာ
ကိုယ့် သမိုင်းကြောင်းထုဆစ်ခြင်းကောင်းခဲ့ သည်မကောင်းခဲ့ သည်
ပုံရိပ်ပေါ်ပေါ်လာမှာပဲလေ…………
ရှိစေတော့ 
မျက်နှာသစ်တွေနဲ့ တွေ့ ရင်
ဘာကိုအရင်စလုပ်ဖို့ စိတ်ကူးလဲ………..
သီအိုရီအရတော့ ပြုံးပြလိုက်မယ်မဟုတ်လားမိတ်ဆွေ
အဲ့ ဒီမှာအနည်းဆုံး
ကိုယ့် လိပ်ပြာကိုယ်လုံအောင်လုပ်ရအောင်ဗျာ……….
အနာဂါတ်ကိုရွှေရောင်မသန်းလဲနေပါစေ
ကိုယ်ယူသွားလို့ ရနိုင်တာလေးသာသယ်သွားရအောင်
ရိုးသားလို့ ရတဲ့ နေရာကနေရိုးသားဖို့ က
ဘယ်သူ့ အကူအညီမှစောင့် နေစရာမလိုပါဘူး
တစ်ခုပဲ
ကိုယ့် ဒဏ်ရာကိုယ်ပြန်လေးစားဖို့ တော့ လိုတယ်……….
တစ်ခါတစ်လေ
အဓိပ္ပါယ်မရှိတာတွေကိုက
အဓိပ္ပါယ်မရှိတဲ့ အဓိပ္ပါယ်ရှိနေတက်တယ်
အဲ့ ဒါဟာသစ္စာတရားတစ်ခု
အဝေးကြီးရှာမနေနဲ့ 
ငါဘယ်မှာလဲလို့ သိအောင်လုပ်ရဲရင်
အနည်းဆုံး
တစ်ခုခုတွေ့ လာမှာပဲ…………
ဝင်လာတဲ့ လေကိုပြန်ထုတ်တဲ့ အခါ
သတိကလေးကပ်ထားရအောင်ဗျာ……………….
မင်းလူန
Comment #2
အနာဂါတ်ကိုရွှေရောင်မသန်းလဲနေပါစေ
ကိုယ်ယူသွားလို့ ရနိုင်တာလေးသာသယ်သွားရအောင်
ရိုးသားလို့ ရတဲ့ နေရာကနေရိုးသားဖို့ က
ဘယ်သူ့ အကူအညီမှစောင့် နေစရာမလိုပါဘူး
တစ်ခုပဲ
ကိုယ့် ဒဏ်ရာကိုယ်ပြန်လေးစားဖို့ တော့ လိုတယ်………
ကောင်းတယ်အကိုရေ….ဆက်ရေးအားပေးနေတယ်….
By: terry at Apr 8, 2011
Comment #3
အဝေးကြီးရှာမနေနဲ့ 
ငါဘယ်မှာလဲလို့ သိအောင်လုပ်ရဲရင်
အနည်းဆုံး
တစ်ခုခုတွေ့ လာမှာပဲ…………
ဝင်လာတဲ့ လေကိုပြန်ထုတ်တဲ့ အခါ
သတိကလေးကပ်ထားရအောင်ဗျာ……………….
ကောင်းဗျာ…. 🙂
By: moehtetaung18 at Apr 8, 2011
Comment #4
အနာဂါတ်ကိုရွှေရောင်မသန်းလဲနေပါစေ
ကိုယ်ယူသွားလို့ ရနိုင်တာလေးသာသယ်သွားရအောင်
ရိုးသားလို့ ရတဲ့ နေရာကနေရိုးသားဖို့ က
ဘယ်သူ့ အကူအညီမှစောင့် နေစရာမလိုပါဘူး
တစ်ခုပဲ
ကိုယ့် ဒဏ်ရာကိုယ်ပြန်လေးစားဖို့ တော့ လိုတယ်…
ကောင်းလိုက်လေရှင် !
By: sharon myorr myor at Aug 7, 2012




Comment #1
အတိတ်ဆိုတာက
မေ့ လို့ ရရင်တောင်ပျောက်မသွားတဲ့ အရိပ်တစ်ခု