Professional Authors

နှလုံးသားလဲလှယ်ခဲ့တဲ့ နှစ်ပတ်လည် (မင်းကိုချစ်တဲ့သူ)

မနက်ဖြန်… မနက်ဖြန်တွေ

ထူးခြားမှုမရှိခဲ့ပေမယ့်

မထူးခြားတဲ့ မနက်ဖြန်ဟာ

ငါတို့အတွက် အထူးခြားဆုံးနေ့တစ်နေ့ပါ…

 

ငါတို့တွေ အရမ်းချစ်ခဲ့တယ်

ငါတို့တွေ အရမ်းမုန်းခဲ့ဖူးတယ်

ငါတို့တွေ အတူရှိခဲ့ဖူးတယ်

ငါတို့တွေ အဝေးမှာနေခဲ့ရတယ်

အချိန်နဲ့အမျှ ပျော်ရွင်ဖူးတယ်

အချိန်နဲ့အမျှ လွမ်းခဲ့ရတယ်

ချစ်သူတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို

စည်းကမ်းတကျ ဖြတ်သန်းရင်းပေါ့…

 

ယုံကြည်ချက်တွေ ပြိုလဲခဲ့ချိန်တိုင်း

ဘေးမှာ ဖေးမှပေးလို့

မျှော်လင့်ချက်တွေ ပျောက်ဆုံးတိုင်း

အတူရှာဖွေခဲ့ချိန်တွေ

အိပ်မက်တွေကို အသက်ဝင်လာဖို့

လက်တွဲမဖြုတ်ပဲ စောင့်နေခဲ့တုန်းပဲနော်…

 

ချစ်သူ…

ဝေးနေတဲ့ ငါတို့နှစ်ယောက်အတွက်

နှလုံးသားတစုံကို ဝေးမသွားအောင်

သော့ခတ်ထားတယ်

ချစ်သူကလွဲလို့ ဘယ်သူမှ ၀င်ခွင့်မရှိခဲ့တာပါ

ဒါကို အကြွင်းမရှိယုံကြည်ပါ…

 

ချစ်သူ…

ဝေးနေတဲ့ မနက်ဖြန်တွေကုန်ဆုံးသွားတိုင်း

ပြန်ဆုံမဲ့ မနက်ဖြန်တွေ နီးနီးလာတယ်

ယုယမှုကင်းခဲ့တဲ့ နေ့တွေအတွက်

ပြန်ဆုံမဲ့နေ့မှာ အတိုးချပြီးဂရုစိုက်မယ်

ဒါကိုလဲ အကြွင်းမရှိယုံပါ…

 

ချစ်သူရဲ့ အပြုံးတွေဝေဆာခဲ့တဲ့နေ့

စကားလုံးတွေနဲ့ အပိုင်သိမ်းခဲ့တဲ့နေ့

ဘ၀မှာ ရင်အခုန်ရဆုံးနေ့တစ်နေ့ဖြစ်တဲ့

ငါ့တို့တွေ နှလုံးသား လဲလှယ်ခဲ့တဲ့

စက်တင်ဘာ ၁၉ ဟာ

ဒီနှစ်မှာ (၈) နှစ်ပြည့်ခဲ့ပြီ…

 

 

 

အချစ်များစွာနဲ့

“မင်းကိုချစ်တဲ့သူ”

In: ကဗျာ Posted By: Date: Oct 4, 2012
Comment #1

😛
so nice to read ur poem.
😛

commentinfo By: ei lay at Oct 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment