Professional Authors

ငြိမ်းချမ်းရေးအတွက်(မင်းလူန)

တက်နိုင်တယ်ဆို
ကြက်ခြေခက်များကို
နှလုံးသားနဲ့ 
ဝေးဝေးမှာထားပါ
…….၁………
ကမ္ဘာကို
ထောင့် တစ်ခုခုကနေ
ပြင်ဆင်ထိန်းမတ်ပေးရန်
မင်းလူန
ကဗျာများရေးနေသည်။
……..၂………..
စစ်အတွက်
ရင်ဘတ်များကိုအရင်ရှင်းပါ။
………၃………..
သင့် လက်တွင်
ကျွန်ုပ်၏
အနာဂါတ်မျှော်လင့် ချက်များ
လှပစွာစီးဆင်းခွင့် ပြုပါ
………..၄……….
နိုင်လိုမင်းထက်
မျဉ်းကြောင်းများကို
မေတ္တာဖြင့် 
ဆွဲဖြောင့် ပါ
…………၅………..
ကမ္ဘာကို
အနည်းဆုံး
ထောင့် တစ်ခုခုကနေ
ပြင်ဆင်ထိန်းမတ်ရန်
သင်လည်း
ကဗျာရေးပါ။

                                  မင်းလူန

In: ကဗျာ Posted By: Date: Oct 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment