Professional Authors

နင်ဖတ်ဖို့ (မင်းလူန)

ဝေး………..
အနားမညီတဲ့ မျဉ်းတွေနဲ့ ငါတို့ 
မျက်နှာချင်းမဆိုင်ခင်ကျောခိုင်း
အဲ့ ဒီမှာ
သေလောက်တဲ့ ဝေဒနာမဟုတ်တောင်
သေတဲ့ ထိဒဏ်ရာရနေစေမဲ့ ချစ်ခြင်း
ရင်ဘတ်မှာေ၇းထွင်းသွားတယ်
အမှား
ဘယ်တုန်းကမှမချိုတဲ့ ဆွဲဆောင်မှု့ အကောင်းဆုံးနဲ့ 
ဟန်ဆောင်ကောင်းအောင်သင်မပေးနိုင်တော့ 
ငါ………
နင့် ကိုချစ်တယ်ဖြိုး
အဲ့ ဒီစကားလုံးအဆုံးမှာ
နင်ငါ့ ရင်ဘတ်ထဲစူးထိုးစိုက်သွားတဲ့ 
လမ်းခွဲခြင်းအမှတ်တရ
ငါမျက်ရည်ကနေကဗျာတစ်ပုဒ်ရလိုက်တယ်
နင်သိနိုင်ဦးမယ်ဆိုရင်
နင်မသိသေးတဲ့ ချစ်ခြင်းတွေနဲ့ 
င်ါကဖောက်ပြန်ရေးဝါဒီတစ်ယောက်အဖြစ်ရှိနေဆဲပါ
………………………………………
                                             မင်းလူန

In: ကဗျာ Posted By: Date: Jun 8, 2012
Comment #1

wow,,,
so cool.
i like both title & poem

commentinfo By: ei lay at Jun 8, 2012
Comment #2

နှစ်သက်စွာအားပေးသွားပါတယ်
ကိုမင်းလူန ပျောက်နေတယ်နော်

commentinfo By: အသဲကွဲမိုး at Jun 8, 2012
Comment #3

ဒဏ်ရာတွေနဲ့……. 🙁

commentinfo By: moezat at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment