Professional Authors

စိတ်ကြမ်း(မင်းလူန)

အော်……….အင်းအင်း
ဟုတ်ကဲ့ ဟုတ်ကဲ့ 
ရေလိုက်သင့် အလုံးတွေနဲ့ 
ရင်ဘတ်ထဲပုပ်သိုးနေတာဖုံးဖုံးထားရတာမောတယ်
………….၁…………..
တီးတိုးကြံရွယ်မှု့ များ
နက်ရှိုင်းစွာရေးခြစ်ခဲ့ တဲ့ 
ကိုယ့် အကုသိုလ်နဲ့ မနက်ဖြန်ကို
ကြိုပြီးအမှောင်ချခဲ့ တယ်။။။။။။
……………၂…………..
ဟန်ဆောင်ရတာ
တစ်ကယ်တော့ အရသာအရှိဆုံး
မိုက်မဲမှု့ ပဲမဟုတ်လား
……………၃…………..
သွေးသားအလိုအရဆိုပြီး
ဘယ်သူ့ ကိုမှမယုံကြည်မိသူမို့ 
သံသယဆိုတာ
အရင်းနှီးဆုံး
ရင်ဆိုက်မြှားတစ်စင်းဖြစ်ခဲ့ ချေပြီ
………………၄…………..
မေတ္တာ
တိုက်ဆိုင်တိုင်းဝေခဲ့ သော
စိတ်၏ဟိုမှာဘက်တွင်နေထိုင်သည်။

                                                 မင်းလူန

In: ကဗျာ Posted By: Date: Oct 1, 2012
Comment #1

မေတ္တာ
တိုက်ဆိုင်တိုင်းဝေခဲ့ သော
စိတ်၏ဟိုမှာဘက်တွင်နေထိုင်သည်။

commentinfo By: terry at Oct 1, 2012
Comment #2

မေတ္တာ
တိုက်ဆိုင်တိုင်းဝေခဲ့ သော
စိတ်၏ဟိုမှာဘက်တွင်နေထိုင်သည်။

commentinfo By: အသဲကွဲမိုး at Oct 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment