Professional Authors

အုံ့ ပုန်း(မင်းလူန)

တစ်ကယ်က
ငါလဲချစ်တက်တဲ့ လောကီသားပါမေ……
နှလုံးသားဆိုတာကိုကလည်
ခံစားချက်တွေရှိလာဖို့ တပ်ဆင်ပေးထားတဲ့ 
ရုပ်ပစ္စည်းတစ်ခုမဟုတ်လား
ဒါပေမဲ့ ……..
ငါနဲ့ မင်း
တန်းထိုးကြည့် လိုက်တော့ 
ကောင်းကင်ကိုမျော်ကြည့် နေရတဲ့ မြေပြင်တစ်ခုရဲ့ 
နွမ်းလျှခြငိးတွေလို
တခါတလေတော့ အားငယ်လာတယ်
အလွှာကွာခြားချက်ကြောင့် 
အချစ်တွေမြုံမြုံသွားတယ်..မေ
ငါ့ ဘေးမှာပါလာမှာက
ကဗျာတွေနဲ့ ကျောချစရာရှားပါးခြင်းတွေနဲ့ မို့ 
အချစ်ဆိုတာငါနဲ့ မဆိုင်တဲ့ 
ဘာသာဗေဒတစ်ခုလိုမျက်နှာလွှဲလိုက်တာလေ……….
တစ်ကယ်ကငါလဲချစ်တက်တဲ့ လောကီသားပါမေ………

                                                                  မင်းလူန

In: ကဗျာ Posted By: Date: Mar 20, 2011
Comment #1

တစ်ကယ်က
ငါလဲချစ်တက်တဲ့ လောကီသားပါမေ……
နှလုံးသားဆိုတာကိုကလည်
ခံစားချက်တွေရှိလာဖို့ တပ်ဆင်ပေးထားတဲ့ 
ရုပ်ပစ္စည်းတစ်ခုမဟုတ်လား

commentinfo By: ရွှေငါး at Mar 21, 2011
Comment #2

🙂
No reason for true love.

commentinfo By: ei lay at Oct 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment