Professional Authors

အဲ့ဒီနောက်ပိုင်းရှင်သန်ခြင်း….

ပြောစမ်းပါ

လက်ချောင်းတွေကြားက

ဘဝဟာ ချော်ထွက်ကျကွဲသွားဘူးလား

ဒီလိုညမျိုးမှာ အနိဌာရုံဟာ

အချစ်ရဲ့သွေးညှီနံ့တွေနဲ့

ကျွန်တော့ကမ္ဘာကို

လာလာ ဆွဲခါတယ်…

ခံစားချက်တွေအဆုပ်ဆုပ်

ပြန့်ကြဲထွက်သွား…..

မြင်လား

ဆုပ်လျှက်သားလက်သီးနဲ့

အခန်းထောင့်နံရံ ကသွေးစက်တွေ

ခင်ဗျားထွက်ခွာသွားခြင်းရဲ့

အကြွင်းအကျန်တွေအဖြစ်…

သစ္စာတဲ့လား

အခု ဘာ အသစ်ကိုမှ

ကျွန်တော်မဆာလောင်တော့ဘူး

ပြောပါ ခင်ဗျားခြေမွသွားတဲ့

အစအနတွေနဲ့ ကျွန်တော်ဘာတည်ဆောက် ရမလဲ

ပြောပါ ပြောပါ ပြောပါ….

ဖြေသိမ့်စရာ ဒသနအနွမ်းအဖတ်

တစ်ပိုဒ်နှစ်ပိုဒ်

ကဗျာအပုတ်အသိုး

တစ်ပုဒ်နှစ်ပုဒ်

ပြာခွက်နဲ့မဆန့်တော့တဲ့

ဆေးလိပ်တိုများ

အခန်းလေထုမှာ

သက်ပြင်းတွေသာ လူးလွန့်သွားလာ

ချစ်ခြင်းမေတ္တာစွန့်ခွာသွားရင်

ဘဝဟာဒီလိုပဲလား

ယူပါ အကုန်ယူသွားပါ

မှတ်ဥာဏ်ကိုယူပါ

နာကြင်မှုတွေပြန်ယူပါ

ကတိတွေပြန်ယူပါ

“နင်ဟာ ငါအထင်အကြီးဆုံးယောက်ျား”

တွေပြန်ယူပါ

“နင်ရှိရင် ငါ့စိတ်လုံခြုံတယ်”

တွေပြန်ယူပါ

“ငါ့တို့သားသမီးတွေ ရလာရင်လေ”

တွေပြန်ယူပါ

ကျွန်တော့် တုန်ရင်ချိနဲ့

မေးခွန်းအဆုံးမှာလေ

“ဘာ ဟဟ တာဝန် ဟုတ်လား”

…ပြန်ယူသွားပေးပါ

“…မိန်းမတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာ”

အားးးးးးးးးးးးးးးးးးးးးးး

ပြန်….

ယူ….

သွား….ပေး…ပါ…

စကားလုံးတွေလေ

ကျွန်တော်ပြန်နင်းမိပြီးပစ်ပစ်လဲတာ

ဒီမှာ ခင်ဗျားမြင်လား…

အဲ့ဒီနောက်ပိုင်းမှာ

ခဗျားဟာ ကျွန်တော့်ရှင်သန်ခြင်း ကို

ခြေကျင်းခတ် သွားသေး

ကွာ…

ပိတ်မိခဲ့တာမဟုတ်ဘူး

အပိတ်ခံခဲ့တာ

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဝါဒမှာ

ခင်ဗျားစောင့်ထိန်းခြင်း ထက်

လိမ်ညာခြင်းကိုသုံးတယ်

ဒီမှာ လင်းခနဲကြွေခဲ့ရရင်

ခံသာသေးတယ်

ခု နင်းပဲခြေခံလိုက်ရတယ်

မနတ်ဖြန်မှာလေ

အသစ်နွမ်းနွမ်းတွေစဖို့ထပ်ကြိုးစားမယ်

အကျိုးအကြေတွေကို

အပြီးသတ်ထိုးခြေဖို့ကြိုးစားမယ်

ညနေမှာ အော်ရယ်နေမယ်

နောက်ဆုံးပုဒ်မ ချအပြီးမှာ

ခင်ဗျားများ မှတ်ဥာဏ်ထဲက

ထွက်သွားမလားဆိုတဲ့

မျှော်လင့်ချက်နဲ့

ပုဒ်မ ချလိုက်တယ် ။ ။

ဒီဗိုင်း

စက်တင်ဘာ ၂၀

ည ၈:၀၈

In: ကဗျာ Posted By: Date: Sep 21, 2012
Comment #1

ဒီမှာ ခင်ဗျားမြင်လား…

အဲ့ဒီနောက်ပိုင်းမှာ

ခဗျားဟာ ကျွန်တော့်ရှင်သန်ခြင်း ကို

ခြေကျင်းခတ် သွားသေး

ကွာ…

ပိတ်မိခဲ့တာမဟုတ်ဘူး

အပိတ်ခံခဲ့တာ

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဝါဒမှာ

ခင်ဗျားစောင့်ထိန်းခြင်း ထက်

လိမ်ညာခြင်းကိုသုံးတယ်

commentinfo By: အသဲကွဲ မိုး at Oct 8, 2012
Comment #2

အလွန့် အလွန် နှစ်သက်သွားပါကြောင်း ၊၊

commentinfo By: လမင်းဇော် at Oct 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment