Professional Authors

မချစ်သူနှင့်ကျွန်တော်

လူတွေရှုပ်တဲ့ထီးတန်းဈေးမှာ
မင်းခြေရာလေးများ
တွေ့ လိုတွေ့ ငြားရှာကြည့်မိသေးတယ်…

မိုးရေတွေနဲ့ ရောသွားတဲ့ 
မျက်ရည်စက်ကလေးတွေကို…ပြန်ရလိုရငြား
အရည်စစ်ထုတ်ကြည့်သေးတယ်…

မင်းနဲ့ ပြောခဲ့ တဲ့စကားတွေ…မေ့နေမလား
အကြိမ်ကြိမ်အခါခါ
ငါပြန်ဖတ်ခဲ့ဖူးတယ်(gmail)…

မင်းသူငယ်ချင်းတွေအကူအညီနဲ့ 
မင်းထံဖုန်းဆက်ခဲ့ဖူးတဲ့…စကားလေးသုံးလေးခွန်း
အပျော်လွန်ပြီး…မေ့နေခဲ့ဖူးတယ်…(စကားပြန်ပြောဖို့ )

နေ့ တိုင်းနေ့ တိုင်း…ငေးကြည့်နေမိတယ်
နင်မလာရာလမ်းမကြီးကို
ပြန်ပါတော့လို့ ပြောခဲ့တဲ့လမ်းမကြီးကို
နင်ထွက်ပြေးခဲ့တဲ့လမ်းမကြီးကို
ငါခြေစုံရပ်ခဲ့တဲ့လမ်းမကြီးကို
ငေးးးငေးးးကြည့်နေခဲ့မိတယ်…

မေရယ်…ကျွန်တော့်နှလုံးသားလေး
အချစ်တွေပိတ်နေလို့ 
အသက်ရှုကြပ်နေတယ်…။

In: ကဗျာ Posted By: Date: Sep 5, 2012
Comment #1

oh my god
nice creation?
both title & poem are really meaningful.

commentinfo By: ei lay at Sep 5, 2012
Comment #2

thz ma Ei Lay 🙂

commentinfo By: loafer at Sep 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment