Professional Authors

သူယောင်မယ်နှင့်ကျွန်တော်

ရင်ခုန်သံမျက်စိလည်ရင်း
သူယောင်သီးလေးတစ်လုံးရခဲ့ပေမယ့်
အသက်သွင်းဖို့ရာ ငါမစွမ်းသာဘူး………
နေ့စဉ်ရက်ဆက် ရင်ခွင်မှာဝှက်ပြီး
အမြတ်တနိုးယုယခဲ့ပေမယ့်
ငါ့ရင်ခုန်သံတွေကို
သူယောင်သီးလေးမသိရှာဘူး………
အိပ်မက်တွေအမှန်အကန်
ရှင်သန်ဖို့ကြမ္မာဖန်လာတော့
ဖေဇော်ဂျီဆေးတောင်ဝှေးနဲ့
မပျက်မယွင်းအသက်သွင်းပေးသော်ငြား
ငါ့အတွက်ဖြစ်မလာ
တောင်ဝှေးရှင်ဇော်ဂျီမောင်အား
သူ့သခင် သူ့အရှင်ဆိုကာ
ချစ်ခြင်းပုံအပ် နှစ်ပါးစုံဖက်တော့မတဲ့
အို…သူယောင်မယ်
သင်ရက်စက်လေခဲ့တော့
ြ့ပုစုခဲ့သူငါ…..
ယုယခဲ့သူငါ…
ဖြေသော်ဆေးမရှိ ရင်မှာဆူးငြိပြီ
မတွေ့မိရင်အကောင်းသားမို့
တစ်သက်စာဒဏ်ရာတွေပိုက်
စည်းအပြင်ဘက်အသာထွက်ရပ်ပေးပါ့မယ်
သူယောင်မယ်လေး သိပ်ရက်စက်တယ်……….

In: ကဗျာ Posted By: Date: Mar 28, 2011
Comment #1

!_!
!_!
!_!

commentinfo By: ei lay at Dec 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment