Professional Authors

ဟိုး…ရှေးရှေးတုန်းက သူမနှင့်ကျွန်တော် ရှိခဲ့ဖူးသည် (terry)

(၁)

လည်ပတ်စရာ
သက္ကရာဇ်ကုန်သွားသော
နက္ခတ်တာရာ အဟောင်းတစ်လုံးဖြစ်သည်
အခန်းဆက်
အိပ်မက်ရှည်များထဲမှာပင်
သူမကျွန်တော့်ကိုမုန်းတီးနေပြီ။

(၂)

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး
ရေအိုးခွဲသံကို
ကြားလိုက်ရသည်
ပစ္စုပန်သည်
ခိုးယူခြင်းခံလိုက်ရပြီဖြစ်သည်။

(၃)

သူမသည်……….

ဝေဖန်ခြင်းကိုနှစ်သက်သည်
ဝေဖန်ခံရခြင်းကိုမနှစ်သက်

အချစ်၌စိတ်ကူးယဉ်ခြင်းကိုနှစ်သက်သည်
လက်တွေ့ တည်ဆောက်ခြင်းကိုမနှစ်သက်

အနုပညာကိုနှစ်သက်သည်
အနုပညာစိတ်ဓါတ်ကိုမနှစ်သက်

ဥယျာဉ်ကိုနှစ်သက်သည်
ဥယျာဉ်မှူးကိုမနှစ်သက်

ထို့ ကြောင့်
ဝေဖန်တတ်သော
စိတ်ကူးယဉ်တတ်သော
အနုပညာစိတ်ဓါတ်ရှိသော
ဥယျာဉ်မှူး ကျွန်ုပ်ကို
မနှစ်သက်နိုင်တော့ခြင်းဖြစ်မည်။

(၄)

တွေ့ ဆုံခြင်း၌
ခေါင်းတစ်ချက်ဆတ်ပြရုံဖြင့်
ပြီးပြည့်စုံသည်ဟု
ခံယူထားသော
ကျွန်ုပ်ကို
နှုတ်ဆက်ခြင်း၌လည်း
ငြိမ်သက်နေရုံဖြင့်
လုံလောက်ကြောင်း
သက်သေပြခဲ့ သည်။

(၅)

သူမသည်မှော်ဆန်သော
ခေတ်တစ်ခေတ်ဖြစ်သည်
သူမကျွန်ုပ်ကို…..

ကြွေကျပြသည်…..

ဆန်တက်ပြသည်….

အရောင်ပြောင်းပြသည်……

လင်းလက်ပြသည်…….

လောင်ကျွမ်းပြသည်…..

အေးခဲပြသည်……

ကျွန်ုပ်ဘာမမပြောဘဲ
ပြုံးနေသောအခါ
အရည်အချင်းမရှိသည့်
သတ္တ၀ါဟုသတ်မှတ်လိုက်သည်။
ပြုံးခဲ့ဖူးသည်………..
ပြုံးနေသည်……..
ပြုံးနေဦးမည်……………………..။

(၆)

လနှစ်စင်းလင်းသောည၌
တစ်မတ်စေ့ 
ပါးစပ်ထဲထဲ့ပေးသော
ညစာစားပွဲတစ်ခုပြုလုပ်သည်

အချစ်ကိုစားသုံး၍
ဗိုက်မပြည့်နိုင်ကြောင်း

နှလုံးသားသည်
အိပ်ရာဝင်စဉ်တွင်သာ
နန်းတော်ဖြစ်နိုင်ကြောင်း

ကိုယ်တိုင်မဖူးပွင့်နိုင်လျှင်
စိုက်ခင်းရှင်ကို လက်ထပ်သင့်ကြောင်း

စက္ကူများစားပြီး
အဟာရသိဒ္ဒိပြီးသွားသူများအကြောင်း

သူမကိုယ်တိုင်လည်း
စတင်စားသုံးနေပြီဖြစ်ကြောင်း
များနှင့်တည်ခင်းဧည့်ခံရင်း
မြင်ဖူး၊ကြားဖူးသမျှအား
ဝါးလုံးခေါင်းထဲမှ
ထိုင်ပြောနေခဲ့သည်။

(၇)

တနေ့…………….
ကျွန်ုပ်ရှေ့သို့ 
သတ္တ၀ါတစ်ဦးအား
နဖားကြိုးထိုး၍ ခေါ်လာပြီး
နာမ်စားဟုတံဆိပ်နှိပ်လိုက်သည်
(မသနားဖူးလား)ဟုမေးသောအခါ
(ခံစားချက်ပါလျင်ရှုံးသည်)ဟုပြန်ဖြေသည်။

(၈)

မယုံကြည်နိုင်ခြင်းများစွာဖြင့်
သူမ၏စကားလုံးများကြား
ငုံ၍ကြည့်လိုက်သောအခါ
မထင်မှတ်ထားသည့်အတိုင်း
သဘာဝတရားမှ
နှလုံးသားထည့်ရန်မေ့လျော့ခဲ့သော၊
သင်္ချာအက္ခရာများအား
လောင်စာဆီအဖြစ်အသုံးပြု၍
မောင်းနှင်နေသော
လူသားစက်ရုပ်တစ်ရုပ်ဖြစ်နေလေသည်။

                                                          terry(20.9.2011)1:00am
                                                        [email protected]

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

မယုံကြည်နိုင်ခြင်းများစွာဖြင့်
သူမ၏စကားလုံးများကြား
ငုံ၍ကြည့်လိုက်သောအခါ
မထင်မှတ်ထားသည့်အတိုင်း
သဘာဝတရားမှ
နှလုံးသားထည့်ရန်မေ့လျော့ခဲ့သော၊
သင်္ချာအက္ခရာများအား
လောင်စာဆီအဖြစ်အသုံးပြု၍
မောင်းနှင်နေသော
လူသားစက်ရုပ်တစ်ရုပ်ဖြစ်နေလေသည်။
အားပေးသွားပါတယ် ကိုတယ်ရီ

Comment #2

ကောင်းတယ်ညီ .. စကားလုံးအသုံးအနှုန်းကော story type ကောကောင်းတယ်

commentinfo By: သက်ထွေး at Sep 21, 2011
Comment #3

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး
ရေအိုးခွဲသံကို
ကြားလိုက်ရသည်
ပစ္စုပန်သည်
ခိုးယူခြင်းခံလိုက်ရပြီဖြစ်သည်။

commentinfo By: May Kha at Sep 21, 2011
Comment #4

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး
ရေအိုးခွဲသံကို
ကြားလိုက်ရသည်
ပစ္စုပန်သည်
ခိုးယူခြင်းခံလိုက်ရပြီဖြစ်သည်။
အရမ်း မိုက်တယ်..ဒီအပိုဒ်လေး
ကဗျာ တပုဒ်လုံးလည်း ကောင်းပါတယ်

Comment #5

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး
ရေအိုးခွဲသံကို
ကြားလိုက်ရသည်
ပစ္စုပန်သည်
ခိုးယူခြင်းခံလိုက်ရပြီဖြစ်သည်။

အများကြီးကူးပြီးတော့ကိုကွန်မန်းပေးချင်တာဗျ ဒါပေမဲ့
ရေအိုးခွဲသံကိုကြားလိုက်ရသည် ပစ္စုပန်သည်ခိုးယူခြင်းခံလိုက်ရသည်ကို အရမ်းကြိုက်သွားတယ်
လေးစားအားကျလျက်
(မောင်မြတ်သူ- ခေတ္တလှည်းတန်း)

commentinfo By: မောင်မြတ်သူ at Sep 21, 2011
Comment #6

နောက်တစ်ပုဒ်ရင်ထဲငြိသွားပြန်ပြီ 🙂

commentinfo By: မိုးသစ်လေပြေ at Sep 21, 2011
Comment #7

နှုတ်ဆက်ခြင်း၌လည်း
ငြိမ်သက်နေရုံဖြင့်
လုံလောက်ကြောင်း
သက်သေပြခဲ့ သည်။

commentinfo By: ရနံ့ at Sep 21, 2011
Comment #8

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး

commentinfo By: ခင်ဘုန်းနေ at Sep 21, 2011
Comment #9

သူမကျွန်ုပ်ကို…..

ကြွေကျပြသည်…..

ဆန်တက်ပြသည်….

အရောင်ပြောင်းပြသည်……

လင်းလက်ပြသည်…….

လောင်ကျွမ်းပြသည်…..

အေးခဲပြသည်……

ကျွန်ုပ်ဘာမမပြောဘဲ
ပြုံးနေသောအခါ
အရည်အချင်းမရှိသည့်
သတ္တ၀ါဟုသတ်မှတ်လိုက်သည်။
ပြုံးခဲ့ဖူးသည်………..
ပြုံးနေသည်……..
ပြုံးနေဦးမည်……………………..။
ကောင်းတယ်ဗျာ အစဉ် ပြုံးနေလျှက်ပါ

commentinfo By: k nge lay at Sep 21, 2011
Comment #10

လေးစားပါတယ်ဆိုတာထက်ပိုပြီးပြောစရာစကား မရှိ

commentinfo By: Nat Khat Sueှ at Sep 21, 2011
Comment #11

goodတယ်….ကိုတယ်ရီ
ကြိုက်တယ်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 21, 2011
Comment #12

သူမ၏စကားလုံးများကြား
ငုံ၍ကြည့်လိုက်သောအခါ
မထင်မှတ်ထားသည့်အတိုင်း
သဘာဝတရားမှ
နှလုံးသားထည့်ရန်မေ့လျော့ခဲ့သော၊
သင်္ချာအက္ခရာများအား
လောင်စာဆီအဖြစ်အသုံးပြု၍
မောင်းနှင်နေသော
လူသားစက်ရုပ်တစ်ရုပ်ဖြစ်နေလေသည်။
sharon နှိုင်းပြစရာ ချီးကျူးစကား ရှာမတွေ့ ဘူးကိုတယ်ရီ so good !

commentinfo By: sharon myorr myor at Sep 21, 2011
Comment #13

ကိုတယ်ရီ . . . . အစဉ်အားပေးလျက် . . . . . .

commentinfo By: လမင်းဇော် at Sep 22, 2011
Comment #14

အတိတ်ကိုပြန်သွားသည်
မတွေ့………………..
အနာဂတ်ကိုသွားသည်
မတွေ့ ……………….
အစီအစဉ်ဟုခေါ်သော
ဖိတ်စာတစ်စောင်ကို
ရိုက်နှိပ်သံအဆုံး
ရေအိုးခွဲသံကို
ကြားလိုက်ရသည်
ပစ္စုပန်သည်
ခိုးယူခြင်းခံလိုက်ရပြီဖြစ်သည်။“

ကိုလူတော်.ရေ….အားပေးသွားတယ်

commentinfo By: ဒေါ်ဂျီး at Sep 22, 2011
Comment #15

လန်ထွက်နေတာပဲ….
ကြိုက်တယ်ဗျို့…

commentinfo By: လွမ်းနောင် at Sep 22, 2011
Comment #16

အချစ်၌စိတ်ကူးယဉ်ခြင်းကိုနှစ်သက်သည်
လက်တွေ့ တည်ဆောက်ခြင်းကိုမနှစ်သက်……….
အင်း…အဲ့ဒါလေးကိုတော့ ကြိုက်တယ်………

commentinfo By: kaungzaw at Sep 23, 2011
Comment #17

အားပေးကြသူတွေအားလုံးကို…အပေါ်ယံမဟုတ်ပဲ…
တကယ့်ရင်ထဲကနေကျေးဇူးတင်ပါတယ်….ဗျာ….။ 🙂

commentinfo By: terry at Sep 23, 2011
Comment #18

အရမ်းကောင်းတယ်

commentinfo By: စုနိုင် at Sep 24, 2011
Comment #19

အရမ်းကြိုက်တယ်ဂျာ

commentinfo By: ridd at Sep 27, 2011
Comment #20

လေး…စား…တယ်…ဗျာ

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #21

nice both title & story.

commentinfo By: ei lay at Jun 4, 2012
Comment #22

လေး…..စား……ပါ……တယ်……ဗျာ………အရေးအသားရော အတွေးရောကို

commentinfo By: တက်ခေတ် at Nov 18, 2012
Comment #23

သူမကျွန်တော့်ကိုမုန်းတီးနေပြီ။
……………………………………….
ပြုံးခဲ့ဖူးသည်………..
ပြုံးနေသည်……..
ပြုံးနေဦးမည်……………………..။

commentinfo By: Sofarawayfromyou at Feb 26, 2013
Comment #24

ခင်ဗျားရဲ့ ပါရမီ ….. အားကျစွာ ငေးသွားပါတယ်…ကိုတယ်ရီ

commentinfo By: နိုးဆက် at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment