Professional Authors

လူမိုက်များနှင့်ကျွန်တော်

မုန်းပါစေ
နင့်ကိုဘယ်သူ့လက်မှ
အရောက်မခံနိုင်ဘူး..။
နာကျည်းပါစေ
နင့်ကို ဘယ်သူ့ချစ်တာမှ
ငါမလိုချင်ဘူး..။
ငါကိုပဲ ခင်
ငါကိုပဲ ချစ်
ငါနားမှာ နေ
ငါပြောသလို လုပ်
ငါသွားဆိုမှ သွား
မင်း အနား မှာ
အရိပ်ကြည့်ကြည့်
ငါနေခဲ့တယ်
မင်းကပြောတယ်
အူတို မနာလို ၀န်တိုတဲ့
ငါချစ်သူ ကလှတာပဲ
ဒီလောက်ကတော့
ငါတိုရမှာ ပေါ့…။
မင်းအတွက်ဆို
ငရဲပြည် ရှစ်ထပ်ကို
နတ်ပြည် ခြောက် ထပ် အပေါ်ကို
ရောက်အောင်တင်ဖို့
ငါ ၀န်မလေးဖူး
ငါ ဟာ ကြာပန်းလေးကို
စောင့်ရတဲ့ ရက္ခဘီလူးပါ…။
ငါ ဟာ မဏိစန္ဒာကို စောင့်ရတဲ့
ကျန်စစ်သားပါ…။
မင်းအတွက်ဆို
အင်အားပြင်းထန်လှပါချေရဲ့ဆိုတဲ့
နာဂစ် ဟာ ငါဒေါသနဲ့ မာန ကို
လုံးလုံး ခံနိုင်မှာမဟုတ်ဘူး..။
ငါ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့
တုန်ခါမှုနဲ့လှိုင်းတွေ ဟာ
ဟေတီငလျင်နဲ့ ဆူနာမီ ထက်ပိုပြင်းထန်တယ်..။
အခု တော့ ငါဟာ
မင်း ရဲ့အမုန်းစာမျက်နှာထဲ က
ထိပ်ဆုံးမာတိ ကာဖြစ်နေပြီပေါ့လေ…။
အခု ဆိုရင်
ဒသဂီရိ နဲ့ အနော်ရထာတို့ကတောင်
ငါ့ကို ၀ိုင်းလှောင်နေကြပြီလေ…
အေး လေ ငါက သူတို့နဲ့ယှဉ်ရင်တော့
ငါ ကမထင်မရှား လူယုတ်မာကြီးပေါ့….။

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

very good my brother. So good.

commentinfo By: wahgongphyu at Sep 14, 2010
Comment #2

ကြောက်တယ်……အဲ့င်္ဒကောင်မလေးတော့သနားပါတယ်……….

commentinfo By: May Kha at Sep 15, 2010
Comment #3

rrrrrrrrrrrrrrrrrr
hote par buuuuuuuuuu
hero par.

commentinfo By: ei lay at Jan 14, 2012
Comment #4

really
whooo!

commentinfo By: moegyi at Jan 17, 2012
Comment #5

ofcourse,,
koh chit thu ko kou pine de lay,,
koh chit thu ko kou saunt shout dar bar phyit tone.

commentinfo By: ei lay at Jan 17, 2012
Comment #6

နှစ်သက်စွာအားပေးသွားတယ်ဗျ

commentinfo By: အသဲကွဲ မိုး at Apr 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment