Professional Authors

နင် ကျေနပ်လောက်မှာပါ……..။

ပြန်လာဖို့ မလိုအပ်တော့ပါဘူး….
နင်ထားခဲ့တဲ့ နေ့ရက်များစွာထဲ
အထီးကျန်ဆန်ဆန် နေတတ်သွားပြီမို့
တစ်ယောက်တည်းပဲ ငါ ပျော်ပိုက်သွားခဲ့တယ်
နင် ကျေနပ်လောက်မှာပါ…….
ငါလို မိန်းမက နင့်အတွက် Nothing မို့လေ…..။

ငါ ငိုနေဖို့ မလိုအပ်တော့ပါဘူး….။
နင့်ကြောင့် ချို့တဲ့လာတဲ့မျက်ရည်တွေ
အခုဆို ခမ်းခြောက်ကုန်ပြီမို့
အပြုံးတွေပဲ ဆင်မြန်းလာတတ်ခဲ့တယ်
နင် ကျေနပ်လောက်မှာပါ…….
ငါ့ရဲ့ မျက်ရည်တွေက နင့်အတွက် ဘယ်လောက်မှလည်း အသုံးမ၀င်ခဲ့ဘူးလေ….။

ငါ ဆက်ချစ်နေဖို့ မလိုအပ်တော့ပါဘူး…..။
နင်ရဲ့ မေ့ဖျောက်ခံရခြင်းတွေထဲ
ငါ့အချစ်တွေ ပါးလျကုန်ပြီမို့
နှလုံးသားကိုလည်း မျက်ကွယ်ပြုတတ်ခဲ့တယ်
နင် ကျေနပ်လောက်မှာပါ…….
ငါ့ရဲ့အချစ်တွေက နင့်အတွက်…..ဘာအရေးမှလည်း မကြီးခဲ့ဘူးလေ…..။

မျှော်လင့်နေဖို့ မလိုအပ်တော့ပါဘူး….။
နင် နင်းခြေခဲ့တဲ့ ငါ့အိပ်မက်တွေထဲမှာ
ဗလာချည်းသက်သက် ငါရှင်သန်တတ်သွားပြီမို့
အနာဂတ်ကိုလည်း တစ်ယောက်တည်း တည်ဆောက်ရဲခဲ့တယ်
နင် ကျေနပ်လောက်မှာပါ…….
ငါ့ရဲ့ဘ၀က နင့်အတွက် ဟိုး……အောက်ဆုံးက မြေမှုန်တစ်ခုမို့လေ….။

နောက်ထပ် ခွင့်လွတ်ပေးဖို့ မလိုအပ်တော့ပါဘူး….
နင် အလွဲသုံးစားလုပ်ခဲ့တဲ့ ငါ့ယုံကြည်ခြင်းတွေ
အသစ်အထပ်ထပ် ငါ…မဖန်တီးနိုင်တော့လို့
နင့်အပြစ်တွေကိုသာ…..အမြဲသတိတရရှိနေတတ်တော့တယ်……
နင် ကျေနပ်လောက်မှာပါ…….
ငါ့ရဲ့ ကျေအေးပေးမှုအလုံးစုံက နင့်အတွက် ငြီးငွေ့စရာတွေ ဖြစ်လဲ့လို့လေ….။

(မချစ်တော့တာ မဟုတ်ပေမယ့်…….
ချစ်နေရက်နဲ့ မေ့လို့ရအောင် နင်က ငါ့ကို လမ်းပြပေးခဲ့တယ်….)

In: ကဗျာ Posted By: Date: Aug 26, 2012
Comment #1

🙂
🙂
🙂

commentinfo By: ei lay at Aug 26, 2012
Comment #2

Like it

commentinfo By: Ngeo at Aug 26, 2012
Comment #3

ကြေကွဲတတ်လိုက်တာ…:(

commentinfo By: htatmyataung at Aug 26, 2012
Comment #4

သူကနင့်ကိုတော်တော် သင်ပေးလိုက်တာပဲ အားပေးလျှက်

commentinfo By: shine lat nwe oo at Aug 26, 2012
Comment #5

♫ ♪ ♫ ♪ မင်းပဲချစ်တဲ့အကြောင်းတွေ သင်ပေးသလို မင်းပဲမုန်းဖို့အကြောင်းသင်ပေး မင်းအတွက်လူးလွန့်ခဏတာရေပွက်ကလေး ဒါပေမယ့်တို့အတွက်ဘ၀တစ်သက်စာပါလေ….♫ ♪

သိပ်ကြိုက်မိတဲ့ကဗျာလေးပါ။ အားပေးနေပါတယ်။

commentinfo By: moezat at Aug 26, 2012
Comment #6

အားးးးးးးး မကေ..အရမ်းကြိုက်သွားပြီဗျာ….
တစ်ပုဒ်လုံး…ခံစားချက်တွေမိုက်တယ်….
နောက်ဆုံးစာသားလေးကိုတော့ အကြိုက်ဆုံးပဲ….

commentinfo By: poem.poem28 at Aug 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment