Professional Authors

” တစ်နေ့နေ့တော့……. “

” တစ်နေ့နေ့တော့ “

နင့်အပေါ် မေတ္တာသက်ဝင်ခဲ့ခြင်းဟာ
ခွင့်လွှတ်ခြင်းတွေသာ ပြဌာန်းထားတဲ့
ငါ့နှလုံသားရေးရာပါ ။

ပရိယာယ်တွေမှန်း သိနေ သိရက်
ငြိတွယ်လိုခြင်းတွေ မြဲမြံတည်တံ့
နင့်စိတ်တွေနဲ့ အဖန်ဖန် မိုးလင်းခဲ့ပေမယ့်
Morning ဆိုတဲ့ message ကြောင့်
မျက်ရည်တွေလည်း ပျောက်ရှခဲ့ဖူးတယ် ။

နင့်မျက်နှာ ညိုတိုင်း….နားလည်မှု ၀န်တွေ ထမ်း……
တလှမ်းချင်းလည်း ဆုတ်ခွာပြေးထွက်
မလိုအပ်မှုတွေကို ငါ….အမြဲ ချင့်ချိန်တွက်ဆပေးရင်းပေါ့

နင်က ရည်းစားပီပီ တာဝန်ကျေရုံလေး မြတ်နိုးပြခဲ့ပေမယ့်
ငါကတော့……
ရင်ခုန်သံတွေ အားကိုး…ချစ်သူပီသပြဖို့အတွက်
မိုက်မိုက်မဲမဲ ကြိုးစားနေမိတုန်း……။

ငါ့ကမ္ဘာလေး…..မျှော်လင့်ချက်တွေ မွဲခြောက်
တခါတရံ အလွမ်းမိုးတွေ ဖြိုးဖြိုးဖြောက်ဖြောက်ရွာ…..
ဒါပေမယ့်
နင် ကောက်ချက်ချသွားတာက
ငါက ရင့်ကျက်သူတစ်ယောက်တဲ့…။

ဘယ်လိုပဲ ညှိညှိ……
ငါ့ရင်တွေ ကွဲကြေဖို့ ဖန်လာပြီမို့
ခွဲခွာခြင်း တွင်းနက်နက်ထဲ ခုန်ချ
လှည့်စားခံရခြင်းတွေ အဆုံးသတ်ခွင့်ပြုလိုက်မယ်
ပြတ်သားမှုတွေ အမြစ်တွယ်လာမယ့်….
တစ်နေ့နေ့တော့
နင့်အတွက် ငါ…..အငိုတိတ်မှာပါလေ…..။ ။

ကေသရီ

In: ကဗျာ Posted By: Date: Jul 14, 2013
Comment #1

ကြိုက်တယ် ထိတယ်ဗျာ ရင်ဘတ်ထဲ အရမ်းကောင်းတယ်..အားပေးနေမယ်ဗျာ..။

commentinfo By: waiyan at Jul 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment