Professional Authors

ထားရက်လေးခြင်း

တစ်ဆောင်းသစ်၍  အမြစ်ကျန်
အချစ်တွေလည်း နှစ်ခါပြန်လို့
လစ်နေတဲ့ ဒီရင်ခွင်ရယ်မှ
ချစ်နေသည် သူမကိုဖြင့်
နစ်နေအောင်ရင်တွေတုန်လို့
ချစ်နေတာ သူမသိဘူးလားဟု
စိမ်းရက်သူကြီး ။ ။
ဖြစ်နေသည် လက်ဝယ်သဘောကိုပ
အပြစ်ဖြစ်အောင်သူဆောင်လေလားလို့
ချစ်မိသူဒီရင်မှာဖြင့်
စိတ်နှင့်လူ တကယ်ကပ်ရဲ့လားဟု
တွေးရင်းနှင့်ရူး ။ ။
စိတ်ကူးယဉ် ဖိတ်စာများကိုလ
ဖိတ်ဖူးသည် မိတ်ဆွေများရယ်နှင့်
မမေ့ဘူးလေ တို့အရင်တုန်းက
ချစ်ဖူးသည့် နှစ်ရှည်လကိုပ
မေ့ဖူးလေဒီတစ်သက်ရယ်လို့
စိတ်ကူတွေ မွေ့ယာထက်ကိုလေ
ဖျက်ရက်သူကြီး ။ ။
ချစ်ဦးသူ သူမကိုပ
မမေ့ဘူးလေ ဒီလူမှာဖြင့်
ပျက်စီးနေ ဒီအနာဂတ်ကို
ချက်ချင်းလေ ပြန်ကာတည်ရအောင်
စိတ်ကူးတွေပြန်လာပေးပါဟု
အတိတ်ထူးရှင် မင်္ဂလာခန်းရယ်နှင့်
စိတ်ကူးယဉ် ဂါဝန်ဖြူဖြူကိုမှ
ပွေ့ဖူးမည့် ဒီလူရယ်ကို
အမြတ်ဖူးတွေ ကြွေကာကျလိုက်ပါဟု
လွမ်းလို့ရင်မော ။ ။
အချစ်ဦးသည် ပေါင်းရန်ခတ်ပေဟု
နုတ်များစွာပြောဆိုချင်းကိုပ
ချေဖျက်ကာ ပြလိုက်ချင်ပါရဲ့
အချစ်ကြီးသူ ဒီလူရယ်ကိုမှ
ထားရက်လေးခြင်း ။

In: ကဗျာ Posted By: Date: May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment