Professional Authors

ရင်ခုန်တမ်းချင်း …(ရင်တွင်းမှမြစ်ဖျားခံသော…)

မချစ်ဖူးလို. အချစ်ရူးတော့မဟုတ်ပေမဲ့
အချစ်ထူးခဲ့လို. မချစ်ဘူးနောက်တယောက်ရယ်လို.
ဂတိပေးချင်မိပါရဲ. …….

ရင်မှာချည် နှောင်တွယ်ရစ်ပြီမို.
မကြင်နာ ဖယ်ခွာရစ်ခဲ့မှာတော့
စိုးရွံ.နေမိပါရဲ. ……..

တနေ.မမြင် မျှော်ရုံသာလွမ်းလှပြီမို.
အတူယှဉ်တွဲ နံဘေးနားရှိနေခွင့်လေး
တောင့်တမိပါရဲ. ……..

ယုံပါကွယ် သူအခါခါပြောရလို.
ရွှေရင်မောကာ ရွှေစိတ်တော်ညှိုးမှာလဲ
စိုးထိတ်နေမိပါရဲ. ……..

မိန်းကလေးမို. သ၀န်တိုတတ်တာပါ ကိုကို ရယ်…
အပြစ်ယူ အချစ်မမြင်ဘဲ ပစ်ကာထားရက်လေတယ်လို.တော့…
မထင်လိုက်ပါနဲ.ဦး !
အသံလေးကြားရရုံနဲ. ရင်ခုန်နေတတ်သူမို. …
အပြစ်မယူ အချစ်တွေသာယူပါတော့ရယ်လို. …
နှစ်ကိုယ်ကြားတွေ.ဆုံ ချစ်ခွန်းရယ်ဆို…
ရင်ခွင်အလည် တိုးဝှေ.ကာခုံလှုံပါရစေတော့နော်…

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

ဝမ်းနည်းစရာတွေချည်းဘဲ ရေးနေတော့မှာလားလို. ပြောနေတဲ့ သူငယ်ချင်းတွေအတွက်ကြိုးစားပီး ဖန်းတီးမိလိုက်ပါပီ…သည်းခံဖတ်ပေးပီး ဝေဖန်ပေးကြပါဦး ! 🙂

commentinfo By: မိုးသည်း at Jul 22, 2011
Comment #2

he,,,he,,
ei lay dot yin khone twar de,

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment