Professional Authors

နင် မလိုအပ်တော့ဘူးဆိုရင်…….

ငါတို့ရင်ခုန်သံတွေ နီးစပ်ဖို့
နင် မလိုအပ်တော့ဘူးဆိုရင်
ငါ လှည့်ထွက်ပေးဖို့ ရှိတယ်
နင် အဲလောက်ထိ ရှောင်တိမ်းမနေပါနဲ့……။
 
ငါ့ရဲ့ လွမ်းချင်းတွေ
နင် မလိုအပ်တော့ဘူးဆိုရင်
တမ်းတရသမျှ ရပ်တန့်ပေးဖို့ရှိတယ်
နင်…..အားနာနာနဲ့ စကားလှလှတွေလည်း မရှာဖွေပါနဲ့…..။
 
ငါ့ရဲ့ငိုကြွေးမှုတွေ
နင် မလိုအပ်တော့ဘူးဆိုရင်
အပြုံးတွေနဲ့ ဟန်ဆောင်နေပေးဖို့ရှိတယ်
နင်….တွေဝေစွာနဲ့ ငါ့အတွက် ကိုယ်ချင်းအနည်းငယ်လည်း မစာပါနဲ့….။
 
ငါ့ မျှော်လင့်ချက်
နင် မလိုအပ်တော့ဘူးဆိုရင်
ငါတစ်ယောက်တည်းလည်း ဖန်တီးယူဖို့ရှိတယ်
နင်….ဒါကိုငဲ့ကွက် သံယောဇဉ်ကိုလည်း အကြောင်းမပြပါနဲ့…..။
 
နောက်ဆုံး….
ငါ့ရဲ့ ချစ်ခြင်း
နင် မလိုအပ်တော့ဘူးဆိုရင်
ငါသေဆုံးသွားသည်အထိ နင့်ကို ဆက်ချစ်နေဖို့ရှိတယ်
အမုန်းတွေနဲ့ ငါကျောခိုင်း……
နင့်ကို နာကျည်းနေလိမ့်မယ်လို့လည်း…..
နင် ဘယ်တော့မှ….မတွေးနေပါနဲ့……။    ။
In: ကဗျာ Posted By: Date: Jun 6, 2011
Comment #1

ငါတို့ရင်ခုန်သံတွေ နီးစပ်ဖို့
နင် မလိုအပ်တော့ဘူးဆိုရင်
ငါ လှည့်ထွက်ပေးဖို့ ရှိတယ်
နင် အဲလောက်ထိ ရှောင်တိမ်းမနေပါနဲ့……။
မကေ…..အ၇မ်းကိုကောင်းပါတယ်။ထပ်တူခံစား၇တယ်။

commentinfo By: poem.poem28 at Jun 6, 2011
Comment #2

ကဗျာလေးက ကောင်းတယ်ဗျာ
ချစ်တယ် ပြတ်သားတယ် ဆက်ချစ်နေတယ်….
သူ့ကို ဘာမှ မတွေဝေစေဘူး…….။(ငါ့ အတွက်ဆို နင် စိတ်ချ ဆိုတဲ့သဘော)
အရမ်းမိုက်ပါတယ် ……ဒီကဗျာလေးက။

commentinfo By: မြင့်မိုရ် at Jun 6, 2011
Comment #3

ကဗျာ လေး အရမ်းကောင်းလို့ အားပေးချင်တာပါ ။ တိုက်ဆိုင်တော့ ပိုကြိုက်တာပေါ့နော် ။

commentinfo By: phuusin at Jun 6, 2011
Comment #4

Thank Fri !!!

commentinfo By: ကေသရီ at Jun 6, 2011
Comment #5

အားပေးပါတယ် သူငယ်ချင်းရေ……….။

Comment #6

ကဗျာလေးထဲကစာသာတွေကရင်ကိုခံစားရစေတယ်…..နောက်လဲထပ်ရေးပါဦးနော်…..အမြဲတမ်းအားပေးနေတယ်နော်

commentinfo By: ကြယ်စင်နတ်သမီး at Jun 8, 2011
Comment #7

ကျေးဇူး ကြယ်စင် ကေ့ကဗျာတွေကို အားပေးတဲ့အတွက်….။

commentinfo By: ကေသရီ at Jun 9, 2011
Comment #8

နောက်ဆုံး….
ငါ့ရဲ့ ချစ်ခြင်း
နင် မလိုအပ်တော့ဘူးဆိုရင်
ငါသေဆုံးသွားသည်အထိ နင့်ကို ဆက်ချစ်နေဖို့ရှိတယ်
အမုန်းတွေနဲ့ ငါကျောခိုင်း……
နင့်ကို နာကျည်းနေလိမ့်မယ်လို့လည်း…..
နင် ဘယ်တော့မှ….မတွေးနေပါနဲ့……။ ။
ဒီအပိုဒ်ကိုပိုကြိုက်တယ် အားပေးနေပါတယ်

commentinfo By: linko at Jun 26, 2011
Comment #9

ငါ့ရဲ့ငိုကြွေးမှုတွေ
နင် မလိုအပ်တော့ဘူးဆိုရင်
အပြုံးတွေနဲ့ ဟန်ဆောင်နေပေးဖို့ရှိတယ်
နင်….တွေဝေစွာနဲ့ ငါ့အတွက် ကိုယ်ချင်းအနည်းငယ်လည်း မစာပါနဲ့….။

ငါ့ မျှော်လင့်ချက်
နင် မလိုအပ်တော့ဘူးဆိုရင်
ငါတစ်ယောက်တည်းလည်း ဖန်တီးယူဖို့ရှိတယ်
နင်….ဒါကိုငဲ့ကွက် သံယောဇဉ်ကိုလည်း အကြောင်းမပြပါနဲ့…..။

နောက်ဆုံး….
ငါ့ရဲ့ ချစ်ခြင်း
နင် မလိုအပ်တော့ဘူးဆိုရင်
ငါသေဆုံးသွားသည်အထိ နင့်ကို ဆက်ချစ်နေဖို့ရှိတယ်
အမုန်းတွေနဲ့ ငါကျောခိုင်း……
နင့်ကို နာကျည်းနေလိမ့်မယ်လို့လည်း…..
နင် ဘယ်တော့မှ….မတွေးနေပါနဲ့……။ ။…။…။.။.။.။ :):(

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #10

တကယ်ကြီးခံစားရတာလားဟင်
အရမ်းချစ်တတ်တာဘဲနော်

commentinfo By: bluesky.bluesky at Jul 18, 2011
Comment #11

ငါသေဆုံးသွားသည်အထိ နင့်ကို ဆက်ချစ်နေဖို့ရှိတယ်

commentinfo By: MyoZin at Jul 18, 2011
Comment #12

the whole poem is so much nice.

commentinfo By: ei lay at Jul 18, 2011
Comment #13

good

commentinfo By: meso at Nov 13, 2012
Comment #14

တို့ရင်ခုန်သံတွေ နီးစပ်ဖို့
နင် မလိုအပ်တော့ဘူးဆိုရင်
ငါ လှည့်ထွက်ပေးဖို့ ရှိတယ်
နင် အဲလောက်ထိ ရှောင်တိမ်းမနေပါနဲ့……။

commentinfo By: meso at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment