Professional Authors

“အမှားထောက်ပံ့သူများ”

ဘာမှမဟုတ်တာလေးနဲ့ 
လမ်းဘေးရောက်ကတော့မလား….
ဘာမှမဟုတ်တာလေးနဲ့ 
ငါ့ဘ၀စတေးရတော့မလား….
အေးပေါ့…ငါကိုယ်တိုင်ကလည်း
ဘာမဟုတ်တာလေးဆိုတာကိုပဲ
အတည်ပေါက်…အဟုတ်ကြီးနဲ့ …လုပ်ခဲ့ပြီးပြီပဲ
မှားသွားပြီးမှ…နောက်လှည့်ကြည့်လည်း
အရှုံးဇာတ်ကားတစ်ခုအား…အနက်ရောင်ပိတ်ကားမှာပဲ….မြင်နိုင်တော့မယ်။
ငါမှားခဲ့ပါတယ်…
ငါအရမ်းမှားသွားပြီ။

လူတွေပြောနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ
အချစ်ကိုရင်ခုန်တတ်ခဲ့တဲ့ကောင်လည်းမဟုတ်ခဲ့ဘူး
အရက်သောက်…ဘီယာသောက်…ဆေးလိပ်သောက်နဲ့ 
အပျော်အပါးကိုစုံစုံလင်လင်သောက်ခဲ့တဲ့ကောင်လည်းမဟုတ်
အဲ့လိုပြောရင်ငါ့ကို…လူလိမ္မာလေးလို့ ထင်မလား
တကယ်တော့…ငါဟာ
အတ္တတွေ၊မာနတွေ၊အရွဲ့ တိုက်တတ်တဲ့စိတ်တွေနဲ့ 
အမှားတွေကို…သိလျက်နဲ့ …တတ်နင်းနေတဲ့သူပါ။

ငါမှားတာကတစ်ခုထဲပါ
ငါ့အမှားတွေကိုထောက်ပံ့နေတဲ့ပတ်ဝန်းကျင်ကို
ငါမရုန်းထွက်နိုင်သေးသရွေ့ တော့
ငါဆက်မှားနေမှာပဲ…
ထွက်သွားဖို့ ငါ့မှာသတ္တိမရှိသရွေ့ တော့
ငါဆက်မှားနေမှာပါပဲ
တကယ်တန်းတော့..
ငါ့ဘ၀ပထမအဆင့်၊တက္ကသိုလ်ဝင်တန်းမှာ
အမှားမကင်းတကင်းနဲ့ အောင်ခဲ့ပေမဲ့
အခုတော့…ငါရောက်နေတဲ့…ပထမနှစ်လေးကိုတောင်
ငါဆုံးရှုံးကတော့မယ်…
မဖြစ်ချင်ဘူး
မဖြစ်ချင်သေးဘူး…
ငါ့စိတ်နဲ့ ငါ့ကိုယ်တောင်မကပ်တော့ဘူး
ရူးနေပြီလားမပြောတတ်တော့ဘူး
စိတ်ရဲ့ စေရာ…ခံစားချက်ရှိရာ…
ငါ့ကဗျာလေးတွေကိုပဲ
ရင်ဖွင့်ချမိတော့တယ်…
ငါတစ်ဖန်ပြန်နှိုးထဖို့ 
                 နှိုးကြားဖို့ ဆုတောင်ပေးပါ…ဆုတောင်းပေးကြပါ…

မမျှော်လင့်နိုင်တော့တာတော့မဟုတ်ပါဘူး
ရက်ကျန်လေးတွေတော့ရှိပါသေးတယ်…
စိတ်ကြွင်းစိတ်ကျန်လေးတွေလည်းရှိပါသေးတယ်…
ဒါပေမဲ့…တစ်ခုပဲ
“အမှားထောက်ပံ့သူတွေ”ကလည်းအရင်အတိုင်းပဲရှိနေသေးတယ်။
                                                                                   (10:38)A.M

In: ကဗျာ Posted By: Date: Aug 24, 2012
Comment #1

fighting

commentinfo By: ei lay at Aug 24, 2012
Comment #2

တွေးတတ်သည်။

commentinfo By: naymawin at Aug 24, 2012
Comment #3

ကျွန်တော် နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment