Professional Authors

မ​မေးနဲ့​နော်

မေးစရာမလိုပါဘူး
ငါ​ပြောပြမယ်​​လေ…
နင့်​အ​ကြောင်း​တွေးမိတဲ့အခါ
ငါရှိုက်​မိတာ​ပေါ့…
အ​ဝေးမှာ​နေရင်း
တိမ်​ပြာ​တွေကိုလိုက်​​ငေးရင်း
သီချင်း​လေးတစ်​စဆိုမိတဲ့အခါ
ငါလွမ်းမိတာ​ပေါ့….

မေးစရာမလိုပါဘူး
ငါမှန်း​နေမိတာပေါ့…
လာလမ်းကို​မျှော်​​ငေးမိ​တော့
မျက်​ရည်​စိုညိုလို့​ပေါ့
အ​တွေး​​တွေနဲ့လွင့်​​မျောရင်း
မိုးစက်​​တွေကိုလိုက်​ဖမ်းရင်း
သံစဉ်​​တချို့ဆိုငြီးမိတဲ့အခါ
ငါသိပ်​လွမ်းရတာ​ပေါ့….

မ​မေးပါနဲ့​နော်
ငါတကယ်​လွမ်းတာပါ…
နင့်​​ခြေရာ​လေးလိုက်​ရှာတဲ့အခါ
အရပ်​ရှစ်​မျက်​နှာမှာ
လေ​ပွေလိုချာချာလည်​လို့
နင်​ဘယ်​မှာလဲ ဘယ်​မှာလဲ​လေ…..

မ​မေးနဲ့​တော့​နော်
နင်​ပြန်​လာခဲ့တဲ့အခါ
ငါ့ ရင်​ခွင်​မှာ​ချော့သိပ်​ရင်း
အနမ်းနဲ့နင်​အိပ်​​ပျော်​သွားတဲ့အခါ
သိပ်​ချစ်​ရတဲ့အ​ကြောင်းကို​လေ
တိုးတိုးက​လေး​ပြောပြမယ်​….

In: ကဗျာ Posted By: Date: Sep 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment