Professional Authors

နင့်လူနဲ. ငါ တွေ.ချင်တယ် ၂

ဘယ်လက်သီးအယောင်ပြ
ညာလက်က ပွဲသိမ်းအဖြစ် အဆုံးသတ်လိုက်တယ်။

ဘယ်ဘက်က စွပ်စွဲမှုတွေ ဖြေရှင်းနေချိန်
ညာဘက်က
လမ်းခွဲစကားက လျှပ်ပြက်သလိုဝင်လာ
“တခြားလူကို ချစ်မိသွားပြီ”
အရှိုက်တည့်တည့်ပါပဲ။

တော်ပါတော့
ချစ်ကြည်ရေးပွဲမှာ ဓားသွားကိုအဆိပ်သုတ်ခဲ့သူ
အခု ငါ အမှန်ကိုမြင်ပါပြီ။

သူများရည်းစား ကြောင်တောင်နှိုက်ရဲသူက
ငါ့ကို ဖုံးနံပါတ် ပေးရဲသတဲ့လား
ဒီလိုလူတွေကြောင့်
သစ္စာလည်း တန်ဖိုးမဲ့နေတာ…..

ဒီမှာ
အမုန်းနဲ. မခွဲချင်လို.
အရှုံးကိုပဲ ယူခဲ့တဲ့ ကိစ္စ
နှစ်ခါတော့ ပြန်မရဘူး။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

ခံစားချက်ပြင်းပြင်းတွေပဲ..အကိုမော်နီရေ..။။။

commentinfo By: Ema Yar at Jun 22, 2010
Comment #2

(: (: (:
ကိုမော်နီ ခံစားချက်တွေက နင့်လူနဲ. ငါ တွေ.ချင်တယ် ၁) ထက် ပိုပြင်းထန်လာပြီထင်ပါရဲ့..
😀

commentinfo By: ဖြိုးဖြိုး at Jun 22, 2010
Comment #3

ပြင်းလှချည်လား

commentinfo By: poht at Jun 23, 2010
Comment #4

ကိုမော်နီရေ

မေတ်တာဆိုတာ အသွားအပြန် ရှိပေမယ့်

သစ်စာဆိုတာ အမှားအမှန် မသိတာမို့

ပစ်ခါသာထားလိုက်ပါတော့

ဟိုးအတိတ်ဆီမှာ။

commentinfo By: favourite2me at Jun 23, 2010
Comment #5

ဟုတ်တယ်..ခံစားချက်တွေ မုန်တိုင်းထန်လာပြီ

commentinfo By: chocolate at Jun 28, 2010
Comment #6

နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲဗျာ။
နံပါတ် ၁ ကော၊ အခု နံပါတ် ၂ ပါ ကြိုက်တယ်။

commentinfo By: Lu_Ngal at Jul 30, 2010
Comment #7

ကြိုက်တယ်ဗျာ..တကယ်..ကျွန်တော့်နေရာက၀င်ရေးထားသလိုပဲ.။

commentinfo By: Aungtrue at Jan 9, 2011
Comment #8

ကိုမော်နီတကယ်ခံစားခဲ့ရတယ်ဆိုရင်ပစ်တာထားလိုက်သူနောင်တတွေရနေလိမ့်မယ်။ကိုမော်နီသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာအချိန်ကသူ့ကိုပြောပြသွားပါလိမ့်မယ်။

commentinfo By: yelaylover2010 at Jul 7, 2011
Comment #9

.like

commentinfo By: thargyi at Nov 16, 2011
Comment #10

so good

commentinfo By: thar oo at Nov 16, 2011
Comment #11

အရှိုက်တည့်တည့်တဲ့ တော်တော်နာကျင်မှာဘဲဗျနော်
ဒီကဗျာလေးဖတ်ရတာ အဖြစ်အပျက်တစ်ခုကိုမြင်လိုက်ရသလို ကဗျာကအသက်ဝင်လွန်းတယ် ။

commentinfo By: X - ray at Feb 16, 2012
Comment #12

သူများရည်းစား ကြောင်တောင်နှိုက်ရဲသူက
ငါ့ကို ဖုံးနံပါတ် ပေးရဲသတဲ့လား
ဒီလိုလူတွေကြောင့်
သစ္စာလည်း တန်ဖိုးမဲ့နေတာ…..

commentinfo By: ငယ် at Mar 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment