Professional Authors

မနက်ဖြန်တစ်ပုဒ်

ကောင်းကင်ကို ငုံ့ကြည့်တော့

တိမ်တိုက်တွေ

စမ်းတ၀ါးဝါး လမ်းလျှောက်နေကြ

ပြတင်းပေါက်က ၀င်ခွင့်ရနိုးနဲ့…

နေရောင်ခြည်က မျက်နှာများတတ်လား

ကျနော်နေတဲ့ရပ်ကွက်မှာ

မွန်းတည့်ချိန်မှ သူရောက်ရောက်လာတယ်…။

အလေ့ကျသစ္စာပန်းနီလေး

လူသွားလမ်းနံဘေးမှာ မျက်နှာငယ်လိုက်တာ

မုန်ညင်းရိုင်းတစ်ပင်လောက်မှ

သူ့ဘ၀ကို တန်ဖိုးထားသူမရှိ

အရာရာတိုင်းဟာ ကံစီမံရာ…။

မရေရာတဲ့မနက်ဖြန်တိုင်း

ကိုယ်တိုင်တောင် ဘာသာပြန်မရတဲ့

ကဗျာတိုကဗျာစတွေ

တောင်ခြစ်မြောက်ခြစ်…။

အစီအစဉ်တကျ လွဲမှားနေတဲ့

ဟောဒီ…ဘ၀ဆိုတာကြီးသာ

ခေါင်တစ်အိုးလိုချိုပြင်းရှနေရင်တော့

တောင်ပေါ်က ကဗျာဆရာ

တိမ်တွေခင်းထားတဲ့လမ်းကျဉ်းလေးမှာ

ဘောကန်ဖိနပ်စုတ်နဲ့

 ငိုက်စိုက်စိုက်လျှောက်နေတာလဲ

ရသစာတစ်ပုဒ်ဖြစ်လေမလား…။    ။

 

 

**ခေတ္တနားခိုရာ တောင်ပေါ်မြို့ကလေးသို့….

In: ကဗျာ Posted By: Date: Aug 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment