Professional Authors

ချစ်ခြင်း ရာသီကုန်ချိန်

နင့်အတွက်…..

သက်ရောက်မှု  အလွမ်းဖြစ်လေမလား

ပန်းဖြစ်စေသားရယ်လို့

ငါပို့ဖြစ်ခဲ့ပါရဲ့

ငါ့….ချစ်ခြင်းတရားတွေ

နင်…မြင်နိုင်ရဲ့လား  ချစ်သူ။

 

ငါ့မျှော်လင့်ချက်တွေ  ပျောက်ဆုံး

ငါ့အိမ်မက်တွေ  ကျရှုံး

ငါ့နှလုံးခုန်သံတွေ  ဆိတ်သုဉ်း

ခုတော့……

နင့်ကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိ

ရင်မချိအောင်  ခံစားလိုက်ရပုံများ

ငါ့မှာ…..

အနာဂတ်တွေတောင် ဝေဝါးသွားတယ်။

 

ငါ  မော့ကြည့်ဖြစ်တဲ့  ကောင်းကင်ပြာ

တိမ်တိုက်တွေ  ရွေ့လျှားကုန်ပြီ။

 

ငါ  ငုံ့ကြည့်ဖြစ်တဲ့  နင့်မျက်နှာ

အထပ်ထပ်  ဝေဝါးကုန်ပြီ။

 

နင် သွား ခဲ့  ပြီ ပေါ့

ငါ့မှာတော့…..

(နင့်နာမည်ကို) အသံမဲ့ရေရွတ်ရင်း

တစ်နင့် တစ်ပိုး

နင့်အတွက်….

အလွမ်းတွေ စိုက်ပျိုးဖြစ်တယ်။

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

ငါ့မျှော်လင့်ချက်တွေ ပျောက်ဆုံး

ငါ့အိမ်မက်တွေ ကျရှုံး

ငါ့နှလုံးခုန်သံတွေ ဆိတ်သုဉ်း

ခုတော့……

နင့်ကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိ

ရင်မချိအောင် ခံစားလိုက်ရပုံများ

ငါ့မှာ…..

အနာဂတ်တွေတောင် ဝေဝါးသွားတယ်။

commentinfo By: anatyong at Sep 18, 2011
Comment #2

နင် သွား ခဲ့ ပြီ ပေါ့

ငါ့မှာတော့…..

(နင့်နာမည်ကို) အသံမဲ့ရေရွတ်ရင်း

တစ်နင့် တစ်ပိုး

နင့်အတွက်….

အလွမ်းတွေ စိုက်ပျိုးဖြစ်တယ်။

commentinfo By: May Kha at Sep 18, 2011
Comment #3

နင် သွား ခဲ့ ပြီ ပေါ့

ငါ့မှာတော့…..

(နင့်နာမည်ကို) အသံမဲ့ရေရွတ်ရင်း

တစ်နင့် တစ်ပိုး

နင့်အတွက်….

အလွမ်းတွေ စိုက်ပျိုးဖြစ်တယ်။
ကဗျာလေးကြိုက်တယ်ဗျာ…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 22, 2011
Comment #4

အားပေးကြတဲ့ မောင်နှမတွေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ကြိုးစားနေပါ့မယ်ဗျ။ 🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment