Professional Authors

“လမ်းစပွင့်ခြင်း”

“လမ်းစပွင့်ခြင်း”
= = = = = = =

သူဟာ ရခိုင်
သူဟာ မြန်မာနိုင်ငံသား
သူဟာ ဗုဒ္ဓဘာသာ
သူ အမျိုးသားရေးဆောင်ရွက်တယ်။

သူ ထောင်သားမဟုတ်
သူ့ မှာ ထောင်ကျလောတဲ့ ပစ်ဒဏ်မရှိ
သူ့ မှာ တိုင်းပြည်ကို
ထောင်ထားခြားနားဖို့
အစီအစဉ်မရှိ။

သူ ယုံကြည်ချက်က
အမျိုး ၊ ဘာသာ ၊ သာသနာ
သူဖြစ်ချင်တာက
ဓမ္မာစရိယ။

သူ လက်လွတ်စပါယ်
အဖမ်းခံခဲ့ရတယ်။

သူ ဥပဒေနဲ့မညီဘဲ
ထောင်ထဲမှာ
ထောင်မကျတဲ့
အကျဉ်းသားအဖြစ်
တစ်နှစ်ကျော်နေလာရတယ်။

သူ လူငယ်
သူ လှုပ်ရှားတာ အမျိုးသားရေး
တော်သေးပါရဲ့
အချိန်မနှောင်းခင်
အသိတရား ၀င်လာကြပေလို့
အခု သူ လွတ်မြောက်တော့မယ်။

သူ ကို ကျွန်တော်တို့ သွားကြိုကြမယ်
သူ ဦးဆောင်လိမ့်မယ်
သူ အမျိုးသားရေး လုပ်ငန်းစဉ်တွေ
ရေးစွဲလိမ့်မယ်။

သူ့နဲ့အတူ
တို့ယုံကြည်တဲ့
အမျိုးသားရေး ပန်းတိုင်ကို
လှမ်းကိုင်ကြရအောင်။

သူ လွတ်မြောက်ခြင်းဟာ
အမျိုးသားရေး
လမ်းစပွင့်ခြင်း
သို့မဟုတ်
ကိုရဲမင်းဦး လွတ်မြောက်ခြင်း ။

နောင်တော်လေး (ဘိုကလေး) ( 31 – 12 – 2013 )
(ကိုရဲမင်းဦးကို ဂုဏ်ပြုသော အားဖြင့်)

In: ကဗျာ Posted By: Date: Jan 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment