Professional Authors

ဘ၀ ညီမျှခြင်း အိပ်မက်

ဘယ်သူမှနားမလည်နိုင်အကြောင်းအရာတချို့
ကျွန်တော့်ရင်ဘတ်ကြီးထဲသိုဝှက်
ဆူးတစ်ချောင်းလိုနာကျင်လည်း သည်းခံ
ဘာသာပြန်မရတဲ့ ခံစားချက်များ
တမြေ့မြေ့ပေါ့ လောင်ကျွမ်းရင်း
ပစ်တိုင်းမလွဲဖြစ်နေတဲ့ စွပ်စွဲမှုတွေ
တဖြုတ်ဖြုတ်ပဲ ခြွေချခံနေရတဲ့ နားလည်မှုတွေ
အိုး…တစ်စစီပါပဲ
သိမ်ငယ်မှုတွေ.. စိုးရွံ့မှုတွေ..စိတ်ပျက်မှုတွေ
ကျွန်တော်ကူးခတ်နေရတဲ့မြစ်
အဆုံးသတ်ကမ်းက မမြင်ရသေး
ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့ စကားလုံးတွေရှာမရဘူး
စာနာမှုဆိုတာ သဲကန္တာရထဲက ရေတစ်ခွက်
မဖြေဆိုရဲခဲ့တဲ့ မေးခွန်းပေါင်းများစွာနဲ့
ဘ၀ဆိုတာ ခရီးသွားအိပ်မက်လို
ရွေးချယ်မှုတွေနောက် လျှောက်လိုက်ရင်း
ရွေးချယ်ခွင့်တွေနောက် ကပ်လိုက်ရင်း
ခလုတ်တိုက်မိတိုင်း အမှားအယွင်းပေါင်းများစွာနဲ့
အခါခါသတ်ပစ်ခံနေရတဲ့ ဘ၀တစ်ခုဟာ နောက်ဆုံး… ။ ။

 

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

ဘ၀ဆိုတာ ခရီးသွားအိပ်မက်လို
ရွေးချယ်မှုတွေနောက် လျှောက်လိုက်ရင်း
ရွေးချယ်ခွင့်တွေနောက် ကပ်လိုက်ရင်း
ခလုတ်တိုက်မိတိုင်း အမှားအယွင်းပေါင်းများစွာနဲ့
အခါခါသတ်ပစ်ခံနေရတဲ့ ဘ၀တစ်ခုဟာ နောက်ဆုံး… ။ ။

commentinfo By: ချစ်မိုးဦး at Dec 27, 2011
Comment #2

တစ်ခါတစ်ရံမှာ ဒဏ်ရာနက်လေ စာနာမှုတွေကထွက်ပြေးလေ နားလည်မှုတွေနဲ့ဝေးလေ ဆိုတာမျိုးဖြစ်တတ်ပါတယ် စိတ်ဓာတ်မကျပါနဲ့ ကဗျာလေး ကောင်းတယ်ဗျ ပညာလည်းပါတယ် လာရောက်ဖတ်ရှုသွားကြောင်းပါ ။

commentinfo By: X - ray at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment