Professional Authors

သွေးစိမ်းထွက်မှ ဒဏ်ရာတဲ့လား . . . . . ချစ်သူ

ငါက အတိတ်ထဲမှာပဲ တစ်ဝဲလည်လည် 
ပျော်ပိုက် ကျက်စားနေတဲ့သူ . . .

ငါက ရင်ထဲက ဒဏ်ရာအကွဲအပြဲကို
ချုပ်ရိုးမတင်ပဲ ဗြန်းဗြန်းကွဲအောင် ဆက်ခံစားနေတဲ့သူ . . .

ငါက ရှေ့ကိုမကြည့်ပဲ သမင်လည်ပြန်နဲ့
ငါ့ ခန္ဓာကိုယ်ကို အပြင်းအထန်မောင်းနှင် ရှေ့ဆက်စေတဲ့သူ . . .

 ငါက တဆစ်ဆစ်နာတဲ့ရင်ကို တသသလုပ်ပီး
 နှလုံးသားကို ဒဏ်ရာ ခဏခဏ ပေးနေတဲ့သူ . . .

ငါက သူများကိုအယုံအကြည်မရှိပဲ တစ်ကိုယ်တည်းတိတ်ဆိတ်မြိုသိပ်ရင်း
တလောကလုံးကို မုန်းနေတဲ့သူ

ရပလား  . . . ဒါတောင် မိတ်ဆက်ပဲရှိသေးတယ်
သွေးစိမ်းထွက်မှ ဒဏ်ရာမထင်နဲ့ ချစ်သူ . . . 
အနာပုပ် အနာဆွေးကလဲ တစ်ချိန်က လတ်လတ်ဆတ်ဆတ် ဆွဲဖြဲခံထားရတဲ့ အသားကောင်းတစ်စပါ။
 

In: ကဗျာ Posted By: Date: Aug 13, 2012
Comment #1

Oh,,god.
Hote tar pe naw..
:'(
Nar le twar par p.

commentinfo By: ei lay at Aug 13, 2012
Comment #2

ငါက တဆစ်ဆစ်နာတဲ့ရင်ကို တသသလုပ်ပီး
နှလုံးသားကို ဒဏ်ရာ ခဏခဏ ပေးနေတဲ့သူ . . .

ဟုတ်တယ်။ တချိန်ကဒဏ်ရာဆိုတာ…..

commentinfo By: moezat at Aug 14, 2012
Comment #3

သွေးစိမ်းထွက်မှ ဒဏ်ရာမထင်နဲ့ ချစ်သူ . . .
အနာပုပ် အနာဆွေးကလဲ တစ်ချိန်က လတ်လတ်ဆတ်ဆတ် ဆွဲဖြဲခံထားရတဲ့ အသားကောင်းတစ်စပါ။

commentinfo By: zawthetoo at Aug 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment