Professional Authors

ဘယ်လိုလဲ…

တချိန်တုန်းက
ချစ်ခဲ့ကြတာဟာ
ရှုးမတတ်ပါပဲ..

အခုအချိန်မှာတော့
တွဲလက်ကိုဖြုတ်
နောက်တစ်ယောက်သစ်နဲ့
တွဲနေတာပဲလေ..

နောက်အချိန်မှာရော
နင်ဘာတွေလုပ်ဦးမှာလဲ
ငါမေးလိုက်ချင်ရဲ့….

ဖြူစင်တဲ့ဘဝနှစ်ခု
ပေါင်းစပ်ခဲ့ကြတာတောင်
အမုန်းတွေနဲ့ရက်စက်မှုတွေကောက်မှာ
အလဲလဲအကွဲကွဲဖြစ်ခဲ့ကြတယ်.

ငါမေးချင်လိုက်ပါရဲ့
အချစ်ဆိုတာ ဘာလိုမျိုးလို့
ထပ်ခါထပ်ခါ တွေးမိရင်း
လွမ်းစိတ်ဝေလာခဲ့တယ်…သက်ထားရယ်…

ငါမှာလည်း မာနတော့ရှိပါရဲ့
ငါနဲ့မင်းကြားမှာတော့ မရှိတာတော့ အမှန်ပဲ…
အဲဒါဘာဖြစ်လို့လဲ…
အဖြေရှာမရတဲ့ ညများစွာလည်း ငါဖြတ်ကျော်ဆဲပါ
မင်းသိနိုင်ပါလိမ့်မယ်လို့
မျှော်လင့်ရင်း အတူတူရှိခဲ့တဲ့
နေရာဟောင်းလေးမှာ
ငါတစ်ယောက်တည်း ရှိနေတယ်…..

ပေးခဲ့တဲ့လက်
ပြန်မရတော့တဲ့ အချစ်တွေကိုလည်း
ငါမလိုချင်တော့ဘူးဆိုပေမဲ့
မင်းမရှိဘဲမနေတတ်တာတော့ အမှန်ပါပဲကွာ….

မင်းကို ချစ်လျက်
                စိုး…

In: ကဗျာ Posted By: Date: Apr 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment