Professional Authors

ရည်းစားနှစ်ယောက်ရှိဘူးတယ်-၂

ခွင့်လွှတ်ပါမပြောတော့ပါဘူး
(ခွင့်လွှတ်စရာ ကိစ္စလည်း မဟုတ်ပါဘူး)
တစ်ခုပဲ
နားလည်စွာ မုန်းတီးပေးပါ။

အပြစ်မရှိဘူးလို. မငြင်းခဲ့ပါဘူး
နတ်ရေကန်ထဲချလို. နင့်ဘ၀အသစ်ရရင်
ငါအသက်နဲ.လဲ ပို.ပေးပါတယ်
စိတ်ရင်းအမှန်ပါ။

ငါ့ကြောင့် လက်တစ်ဖက်ပြတ်သူနဲ.
ငါ့ကြောင့် လက်နှစ်ဘက်ပြတ်သူ
ပိုကြီးတဲ့ ဆုံးရှူံးသူကိုငါရွေးပါတယ်
နောက်ဘ၀ ဆိုတာရှိရင်
ငါရဲရဲလာမှာပါ
ငါကြေအောင်ဆပ်မှာပါ။

နှစ်ယောက်စလုံးအတွက်
လာခြင်းမကောင်းတဲ့လူတစ်ယောက်ကို
နှစ်ယောက်စလုံးက
မုန်းခြင်းကောင်းစွာ မုန်းပေးပါလေ။       ။

In: ကဗျာ Posted By: Date: Jul 12, 2010
Comment #1

လာခြင်းမကောင်းခဲ့သလို……
ပေးဆပ်ခြင်းတွေလည်း မကောင်းခဲ့ဘူးနဲ့တူပါရဲ့လေ…..း)

commentinfo By: မှုံရွှေရည် at Jul 14, 2010
Comment #2

မိုက်လှချည်လား ဆိုဒ် က ဂွတ်တယ်……………

commentinfo By: purplelover at Jul 14, 2010
Comment #3

ma pu ne,,,
kou pyu de kan koh htan pyar lar laint me,,
2 yout sa lone ka shint ko ma mone naing pe po chit lay shin po p wit le lay be,,
2 yout sa lone ka shint ko kwint hlut yin shin po p sate sin ye ya lay be,,

commentinfo By: ei lay at Mar 18, 2012
Comment #4

တော်လိုက်တာဗျာ
တိုက်ဆိုင်မှုများစွာဖြင့်
ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment