Professional Authors

ပူဖောင်းကွဲနဲ့အတူပျောက်သွားတဲ့ကောင်လေး

 

 

ဖောင်းခနဲ ပေါက်သွားတဲ့ ပူဖောင်းလေးဟာ

အပိုင်းအစ ကလေးအဖြစ် ပြန်ကျလာတယ်။

 

ကလေးရယ်…..

ပြန်ကြပါစို့ကွယ်

ကောင်းကင်မှာ ဆူးချွန်တွေများလွန်းပါတယ်။

 

မင်းချစ်တဲ့ပူဖောင်းကလေးမှာ

ပျံသန်းဖို့ စိတ်တစ်ခုတည်းရှိတယ်ကလေးရယ်။

ကောင်းကင်မှာကတော့

ငါတို့ မခန့်မှန်းနိုင်တဲ့ လှည့်ကွက်တွေရှိတယ်။

 

အပြင်မှာ..

မှောင်လုပါပြီ ကလေးရယ်

ခုကို..ငါတို့ အပြန်ခက်ရော့မယ်…။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment