Professional Authors

မြေကြီးအောက်က ကြယ်များ

မြေကြီးအောက်က ကြယ်များ

………………………………………….

ဆေးလိပ်တစ်လိပ်လို
ဘ၀ကိုမီးညှိပြီး
အချစ်တွေကို ရှိုက်ဖွာခဲ့တဲ့ကောင်…..

ဒဏ်ရာဆိုတာ…
ငါအမြဲတမ်းဝတ်နေကျ ဘောင်းဘီတစ်ထည်
လျှော်ဖွပ်ဖို့
ငါ့မှာ မျက်ရည်တွေမရှိတော့ဘူး ကောင်မလေး….

ပန်းဆိုတာ…
ကြွေတာကိုက ပွင့်တာပဲ….တဲ့

ဘာပဲဖြစ်ဖြစ်
ဒီလမ်းကို ဒီဖိနပ်လေးစီးပြီးနင်းရဦးမယ်….

အဲဒီလိုနဲ့
မြေကြီးအောက်မှာ
တစ်ကောင်းကင်စာကြယ်တွေ လင်းလက်ခဲ့ဖူးတယ်….။ ။

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

အားပေးသွားပါတယ်…… 🙂 😛 🙂

commentinfo By: mayviolet at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment