Professional Authors

ဆက်နွယ်မှု (ဂျစ်တူး)

” ဆက်နွယ်မှု “

သူ နဲ့ ကျနော့် ကြားမှာ …

ဘာသာဗေဒ မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ရင်ခုန်သံနွေးနွေးတွေ မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ကာရံလှလှတွေ မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ

ရည်းစားစကားဆိုတာမရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

မြေနှီလမ်း ဆိုတာမရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

အင်းလျား လဲ မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

တရှိုက်မက်မက် အနမ်းတွေမရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ထွေးပွေ့ ခွင့် မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

အိပ်မက် မက်ခွင့် မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

တိမ်ပြာပြာ sunday မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ဘုရားသခင်ဆီက ဆုတောင်းခွင့်မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ဧဒင် ဥယျာဉ်ကြီး မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

မစားသင့် တဲ့ အသီးမရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ဆုံမှတ် အနာဂါတ် မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

အချစ်ပုံပြင်တွေ မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

စုံတွဲသီချင်း သီကျူးခွင့်မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

ချိုမြိန်တဲ့ ကဗျာတစ်ပုဒ်မရှိဘူး

သူ နဲ့ ကျနော့် ကြားမှာ …

သူ နဲ့ ကျနော့် ကြားမှာ …

သူ နဲ့ ကျနော့် ကြားမှာ …

……………………………

သူ့ ၀ိဥာဉ် က ကျနော့် အသွေးအသားထဲ

ငြိမ့်သက် ရှင်းသန့်စွာ စီးမျော နေရုံလေးပါဗျာ ….။ ။

ဂျစ်တူး ( ထားဝယ် )

In: ကဗျာ Posted By: Date: Aug 8, 2012
Comment #1

super like,
super nice,

commentinfo By: ei lay at Aug 8, 2012
Comment #2

🙂

commentinfo By: Gipp Tuu at Aug 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment