Professional Authors

မျဉ်းပြိုင်တို့ရဲ့ ရာဇ၀င် ( ဂျစ်တူး )

parallel
 

*** မျဉ်းပြိုင်တို့ရဲ့ ရာဇ၀င် ***

===========

လက်တစ်လုံးခြား လောက်လေး

အကွာအဝေး ဆိုပေမယ့်

မျဉ်းပြိုင် တွေအတွက်တော့

ဆုံမှတ် တစ်နေရာက

စကြာဝဠာ အဆုံးတိုင်စေတယ် ။

နယူတန် ရဲ့ နိယာမက

ငါ့ ကမ္ဘာ အတွက်တော့

တက်တက် စင်အောင်လွဲတယ်

သက်ရောက်မှု နဲ့ တန်ပြန်မှုတွေ

အချိုးမကျ ဖြစ်နေလိုက်တာ …..။ 

သမ္မာ ကျမ်းစာမှာ

အာဒံ ရဲ့ ပေးဆပ်မှုက

ဘယ်ဘက်နံရိုး တစ်ချောင်းနဲ့

ဧ၀အတွက် လုံလောက်ခဲ့တယ် ။

ဒီကောင့် အတွက်တော့

ရင်ဘတ် တစ်ခုလုံး ချရင်းတာတောင်

ရလဒ် သုညနဲ့ …… ……

အနာဂါတ်တွေ နေ၀င်သွားတယ် ။ ။

ဂျစ်တူး(ထားဝယ်)

In: ကဗျာ Posted By: Date: Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment