Professional Authors

*** ခရမ်းပြာ ဒိုင်ယာရီ *** (ဂျစ်တူး)

miss

*** ခရမ်းပြာ ဒိုင်ယာရီ ***

————-

မီးခိုးရောင် ပြည့်သိပ်နေတဲ့

အတိတ်ရဲ့ ပြက္ခိဒိန် မှာ

ခပ်ဝါးဝါး အိပ်မက်တွေ 

    စုန်းကိုက် ခံခဲ့ရတယ် … 

နူညံ့ခြင်း ပန်းလက်အစုံ နဲ့

    ပြုစားသွားခဲ့တဲ့ ရွာသူရေ … 

သွေးမဲ့ ဒဏ်ရာဆိုပေမယ့်

ဒီငနဲရဲ့ ချဉ်ဆီထဲမှာ

   တစစ်စစ် ကိုက်ခဲနေတုန်းပဲလေ … 

ကျမ်းစာအုပ် ထူထူတွေထဲက

အယူအဆ သည်းသည်းတွေ

ငါ့အပေါ် ဘောင်ခတ်ပြီး 

မဆုံးဖြတ်လိုက်ကြပါနဲ့

ဒီလူဆိုး ရဲ့ ဥယျာဉ်မှာလဲ

“ချစ်ခြင်း” ကို မျိုးကြဲခွင့်ရှိတယ်

(နင့်ရဲ့) ကိုယ်ပိုင်ဂုဏ်သတ္တိမှာ

လောင်ကျွမ်းမှု မပါခဲ့ဘူးဆိုရင်

ငါကပဲ ကိုယ့်ကိုယ်ကို

   မီးမြိုက် ပြာချခဲ့တာဖြစ်မှာပေါ့ကွယ် … 

တခါတရံ ထွက်သွားသူတို့

သိကြဖို့ကောင်းပါတယ်

” အလွမ်း ” တိုင်းဟာ

          ဘယ်သမိုင်းမှာမှ မချိုမြိန်ခဲ့တာ …။    ။

ဂျစ်တူး(ထားဝယ်)

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment