Professional Authors

ချစ်သူ့ပုစ္ဆာ (နှင်းဆီဆူး)

အတည်ပေါက်ကြီးနဲ့
ငါ့နှလုံးသားကို
ဓါးမြှောင်ကြီးနဲ့ထောက်ပြီး
သူလုသွားတာ
ညှင်ညှင်သာသာတောင်းပါ
ရက်ရက်ရောရောပေးပါမယ်ဆိုကာမှ
သူက..ပဟေဠိဆန်ဆန်ပြုံးတယ်
ဒါဘာသဘောလဲ။

တုန်လှုပ်လို့တော့မဟုတ်ပါဘူး
သူ့အတွက်ဆို
အရာရာ ရက်ရောချင်တယ်လေ
ယူချင်ယူသွား
ဟိုလမ်းဘေးနားမှာတော့
ချမထားပါနဲ့။

မင်းချစ်တယ်ဆိုတာ
မိုးထဲလေထဲမှာပါပဲ
ရေငွေ့ပြယ်သွားတော့
မှုံဝါးဝါးတောင်
ငါမြင်လိုက်ရတာမဟုတ်ဘူး။

ကောင်မလေးရေ
ပေးလိုက်ယူလိုက်
ရတယ်တဲ့လား
ဝယ်ပြီး ပြန်လဲခွင့်မပေးတဲ့
ကုန်တိုက်တစ်ခုမှာ
နင်ဝင်အလုပ်လုပ်သင့်တယ်။

ပြန်ခေါ်ပေးကြပါ
အတွေးတွေထဲမှာတောင်
ထွက်ထွက်ပြေးသွားတဲ့
ချစ်သူကို…။

လွမ်းတယ်ဆွေးတယ်
ကဗျာတွေရေးတယ်
သေချာပါတယ်
ဟောဒီကောင့်အသည်းတွေ
တစ်စစီကွဲနေပါတယ်။

နေ့တွေးညတွေးနဲ့
ငါကတော့
မင်းမှမင်းပဲ
အိမ်မက်ထဲတောင်
ရံဖန်ရံခါမေးမိတယ်
“မင်း…နဲ့ ငါဘာကြောင့်ဝေးရတာလဲ”။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

ကဗျာက တော်တော် ကောင်းတာပဲ။ အရင်ကတော့ ဖတ်ဖူးတယ် ထင်တာပါပဲ။ ဒီနေ့ အိ ကဗျာတွေ ပြန်လိုက်ဖတ်ဖြစ်တော့ ဒီကဗျာလေး တော်တော် သဘောကျတယ်။

commentinfo By: ChIr0N at Aug 8, 2011
Comment #2

ကြိုက်၏ .. 😛

commentinfo By: chityellusoelay at Aug 8, 2011
Comment #3

ကောင်မလေးရေ
ပေးလိုက်ယူလိုက်
ရတယ်တဲ့လား
ဝယ်ပြီး ပြန်လဲခွင့်မပေးတဲ့
ကုန်တိုက်တစ်ခုမှာ
နင်ဝင်အလုပ်လုပ်သင့်တယ်။

commentinfo By: Flora White at Aug 8, 2011
Comment #4

ကဗျာကူးသွားပါတယ်…… ဘယ်မှာမှ ဖော်ပြဖို့တော့ မဟုတ်ပါဘူး……………..
ကောင်မလေး စိတ်ကောက်နေလို့ ကဗျာ ရေးပေးမယ်လို့ပြောထားတာ မရေးနိုင်တော့လို့ ကူးလိုက်ရပါတယ်………..
တစ်ခုတော့ သေချာပါတယ်….နာမည်ထိကူးသွားတယ်နော်…………..
ပြီးတော့ ကောင်မလေး ကိုလည်းကူးလာတာလို့ပဲ မှာပါ…..စိတ်မဆိုးလောက်ဘူးထင်ပါတယ်….:P:P

commentinfo By: အာလူးပူတီ at Oct 3, 2011
Comment #5

nae tway nya tway ne ngar ka dot min hma min pe.
ma ti loh may par ya say,,,,,min ne ngar bar loh way ya hmar le

commentinfo By: ei layn at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment