Professional Authors

မာယာနဲ့ မုသား (နှင်းဆီဆူး)

သစ္စာဆိုတာကို ယုံရခက်တယ်
မေတ္တာဆိုတာ နဲ့ ငါ့ကိုသတ်တယ်။

ဒီစကားတွေ ခဏခဏကြားပြီး
မျှော်လင့်ချက်တွေအများကြီးထားခဲ့ဖူးတယ်။
ဒီစကားတွေ တစ်ဖွဖွပြောပြီး
ထားသွားတဲ့ သူတစ်ယောက်လည်းရှိတယ်။

တစ်ယောက်ထဲ ပါ
နှစ်ယောက်တစ်ကမ္ဘာတဲ့
ခုတော့မင်းရင်ခုန်သံတွေ က
ဖောက်လွဲဖောက်ပြန်နဲ့
ပြောင်းလဲမြန်လွန်းလိုက်တာ။

ကလေးငယ်တစ်ယောက်တွေးသလို

Fairy Tail တွေကိုမျက်စိမှတ်ယုံ
မင်းပြောတဲ့ ပုံပြင်တွေမှာ ရင်တွေခုန်လို့…။

အရာရာပုံအောချစ်ခဲ့သမျှ
ရက်စက်ခြင်းတွေသာပြန်ရတယ်
လုပ်ဇာတ်တွေမှန်းသိရင်
သံယောဇဉ်တွေကိုခုတ်သတ်ခဲ့ပါတယ်
ဒါဆိုအရှုပ်ဇာတ်ထဲ
ချာချာလည်ဝဲစရာမလိုတော့ဘူး။

ချော်လဲတတ်တယ်ဆိုတာမသိလို့
မင်းရှိရာ တဇွတ်ထိုးပြေးခဲ့မိတာပေါ့
နွံထဲကျမှန်းသိရင်တော့
ဘယ်ငတုံးကရုန်းမှာလဲ
သတိလေးတော့ပေးခဲ့သင့်ပါတယ်
တစ်ခါခါ အတွေ့အကြုံဆိုတာကြီးက
ရက်စက်လွန်းတာ မင်းလဲသိသားနဲ့…။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

ကလေးက အရမ်းကောင်းပါတယ်….အားပေးနေလျှက်

commentinfo By: ခွန်ကြယ်ဖြူ at Jul 3, 2011
Comment #2

ကဗျာလေးက အရမ်းကောင်းပါတယ်

commentinfo By: ခွန်ကြယ်ဖြူ at Jul 3, 2011
Comment #3

oh,,,a yan kaung de khan sar chat tway pe naw

commentinfo By: ei lay at Jan 14, 2012
Comment #4

စာသားတွေ က တော်တော် လန်းတယ် ဗျာ… မချီးမွမ်း ပဲ မနေနိုင်လောက်ကို ဖြစ်ရတယ်..
ဆက်လက် အားပေး နေမယ်.. ဗျာ……… Like !!!!!!!!!!!!

commentinfo By: sittminthu at Jun 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment