Professional Authors

“ခါးသီးခြင်းမရှိ”

 

ကော်ဖီခါးခါးကြိုက်တဲ့ ငါ့အတွက်..

ခံစားချက်တွေခါးသီးတာ မထူးဆန်းနိုင်ပါ

ရင်ခုန်သံတွေလည်း ချိုနိုင်မယ်မထင်

ငါ့၏ခန္ဓာကိုယ်၌ စီးဆင်းသော

သွေးတို့သည်လည်း ခါးသီးပေလိမ့်မည်

ဒါပေမယ့်…

ငါ၏ကိုယ်တွင်း၌ရှိ နှလုံးသားထဲက

ကဗျာတွေသည်ကား…

လုံးဝမခါးသီးစေရပါ…။   

ကိုသီဟ

In: ကဗျာ Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment